Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် နပခ တိုင်းမှူးကားတိုက်မိ၍ အမျိုးသားတစ်ဦး ခြေထောက်ဒဏ်ရာရ

ABN-ရှိုင်းမိုး

ရခိုင်ပြည်စစ်တွေမြို့တွင် တိုင်းမှူးခရီးစဥ်အတွင်း ပာလာသည့်ကား ၁ စီးဖြင့် တိုက်မိ၍ အမျိုးသားတစ်ဦး၏ ခြေထောက်တွင် ဒဏ်ရာရသွားသည်ဟုသိရသည်။

ယနေ့ နေ့လည် ၁၂ နာရီကျော်အချိန်တွင် စစ်တွေမြို့ မိဇံရပ်ကွက်ရှိ ရေလောင်းမဏ္ဍပ်အနီးတွင် ရပ်နေသည့် အမျိုးသားတစ်ဦးကို နပခ တိုင်းမှူးယာဥ်တန်းပါ ကား ၁စီးဖြင့် ဝင်တိုက်သွားခြင်းဖြစ်သည်ဟုသိရသည်။

ကားတိုက်ခံရသောအမျိုးသားသည် အသက် ၃၀ ကျော်အရွယ် ဦးထွန်းသိန်းဦးဖြစ်ပြီး ၎င်းသည် သင်္ကြန်မဏ္ဍာပ်ရှေ့ကားလမ်း ရှင်းပေးနေစဥ် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေ ၁ ဦးက ပြောသည်။

“သူကရေလောင်းမဏ္ဍပ်ရှေ့နားမှာ ကားတွေကိုလမ်းရှင်းပေးနေတာပါ၊ အဲဒါကို ကားကသူ့ကို တိုက်မိသွားပါတယ်၊ ခြေထောက်နာသွားပါတယ်၊ တိုင်းမှူးကားကတော့ ဘာမှလှည့်မကြည့်ခဲ့ပါဘူး၊ ဒီတိုင်းမောင်းသွားပါတယ်” ဟု ပြောသည်။

ကားတိုက်မိခံရသောသူသည် အိန္ဒိယသုံးဘီး ( တုတ်တုတ်ချေ )မောင်း၍ လုပ်ကိုင်စားသောက်နေသူတစ်ဦးဖြစ်သည်။

ကားတိုက်မိသည့်အကြောင်းကို အနီးအနားရှိ မော်တော်ပီကေသမားများအား သွားပြောသောအခါ ဘာမှမလုပ်ပေးနိုင်ကြောင်းပြောသည်ဟုသိရသည်။

“သူကားတိုက်မိတာကိုအနီးအနားက မော်တော်ပီကေတွေကိုသွားပြောပါတယ်၊ ဒါပေမယ့် သူတို့က ဘာမှ မလုပ်ပေးနိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော သူတို့အုပ်ချုပ်နေတဲ့အချိန်မှာ ကျနော်တို့ပြောပိုင်ခွင့်မရှိ” ဟု မော်တော်ပီကေသမားများက ပြောကြောင်း ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ