Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ဆိုင်ကယ်စီးလာသူ ၂ ဦး၏ ဆိုင်ကယ်တွင်သေနတ်တွေ့ရှိဟုဆိုကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးသွား

ABN- ရှိုင်းမိုး၊ သူရမောင်

စစ်တွေတွင် ဆိုင်ကယ်စီးလာသူ ၂ ဦးကို စစ်ကောင်စီတပ်မှ ကားဖြင့် ဖမ်းဆီးယူဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယနေ့ ဖေ‌ဖော်ဝါရီလ ၁ရက် ညနေ ၃နာရီ ၁၀ မိနစ်အချိန်တွင် စစ်တွေမြို့ ပြည်တော်သာရပ်ကွက် ခိုင်သဇင်ပန်းခြံရှေ့တွင် အမည်မသိလူ ၂ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်းသိရသည်။

ဖမ်းဆီးခံရသူ ၂ဦးအား စစ်ကောင်စီတပ်မှ ရပ်တန့်စစ်ဆေးရာတွင် သူတို့၏ ဆိုင်ကယ်ဘောက်ထဲ၌ သေနတ်တွေ့ရှိသဖြင့် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

“၃နာရီ ၁၀ မိနစ် အချိန်ပါ၊ စစ်ကောင်စီတပ်သားတွေကတော့ သူတို့စီးလာတဲ့ ဆိုင်ကယ်မှာ သေနတ်ပါတယ်လို့ပြောပါတယ်၊ ကျွန်တော်လည်း မမြင်လိုက်ပါဘူး၊ သူတို့ဖမ်းတာကိုပဲမြင်ပါတယ်” ဟု မျက်မြင်သက်သေတစ်ဦးမှ ပြောသည်။

ထိုဖမ်းဆီးခံလိုက်ရသူ ၂ ဦးမှာ မည်သူ မည်ဝါဖြစ်ကြောင်းကိုမူ လက်ရှိအချိန်ထိ မသိရသေးပေ။

စစ်တွေတွင် ဆိုင်ကယ်စီးလာသူ ၂ ဦး၏ ဆိုင်ကယ်တွင်သေနတ်တွေ့ရှိဟုဆိုကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးသွား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ