သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ဆိတ်ကျောင်းသား မူဆလင်လူငယ်တစ်ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်သတ်

ရခိုင်ပြည် စစ်တွေမြို့တွင် ဆိတ်ကျောင်းနေသည့် မူဆလင် လူငယ်တစ်ဦးကို စစ်တွေ အကြမ်းဖက် ထောက်ပို့တပ်က တပ်သားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လိုက်သဖြင့် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်တွေမြို့နယ် မဲဇလီကုန်းရွာမှ မောင်ဆာခါမောက် (မူဆလင်) အသက် ၁၅ နှစ်သည် စစ်ကောင်စီ ထောက်ပို့တပ်နောက်ဖက်တွင် ယနေ့ နေ့လည် ၃ နာရီခန့်က ဆိတ်ကျောင်းနေစဉ် ထောက်ပို့တပ်သားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးသွားခြင်းဖြစ်သည်။

သေဆုံးသွားသည့် ရုပ်အလောင်းကို စစ်တပ်ပိုင်ဆေးရုံသို့ ယူဆောင်သွားကြောင်း သိရသည်။

မောင်ဆာခါမောက်သည် မိဘမဲ့ လူငယ်တစ်ဦးဖြစ်ပြီး င,ပွင့်ချေကျေးရွာမှ ဦးရွှေမောင် ပိုင်ဆိုင်သည့် ဆိတ်များကို အငှားကျောင်းနေသူဖြစ်ပြီး ဆိတ်ပိုင်ရှင် ဦးရွှေမောင်မှာ ထောက်ပို့တပ်သို့ အမြဲအဝင်အထွက်ရှိသူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စစ်တွေတွင် ဆိတ်ကျောင်းသား မူဆလင်လူငယ်တစ်ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်သတ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ