သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ဆယ်ကျော်သက်အရွယ်တစ်ဦး ရေနစ် သေဆုံး

AB News – ဟိန်းထွန်း

အောက်တိုဘာ ၂၇ ရက်

ရခိုင်ပြည်၊ စစ်တွေမြို့ ရွာသာယာရပ်ကွက် ကန်တော်ချေ ရေကန်တွင် ဆယ်ကျော်သက်အရွယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ ရွာသာယာရပ်ကွက်မှ အဖ ဦးဝင်းဝင်းထွန်း၏သား အသက် ၁၆ နှစ်အရွယ် မောင်ဦးအောင်မင်း ဖြစ်ကြောင်း သိရသည်။

၎င်းသည် ယနေ့ ၃ နာရီကျော်တွင် ကလေး ၂ ယောက်ကိုခေါ်ပြီး ကန်တော်ချေရေကန်သို့ ရေသွားကူးရာတွင် ရေနစ်သေဆုံးသွားခဲ့သည်ဟုရွှေရောင်မေတ္တာဖောင်ဒေးရှင်း တာဝန်ရှိသူ ဦးလင်းထွန်းက AB News သို့ ပြောသည်။

“သူက ရွာသာယာမှာရှိတဲ့ ကန်တော်ချေကန်ကို ရေကူးဖို့ဆိုပြီး ကလေး ၂ ဦးကိုအဖော်ခေါ်သွားတယ်၊ ရေဆင်းကူးတဲ့အခါရေနစ်နေတာကို ကလေး၂ ယောက်က သူတို့ကို စနေတယ်လို့မြင်တယ်၊ ရေနစ်တယ်လို့သိတော့ ကလေး၂ ဦးက ရွာသာယာထဲဝင်ပြီး လူကြီးတွေခေါ်ပြီး ကယ်ဆယ်လိုက်တယ်” ဟု ၎င်းမှ ပြောသည်။

ကလေး ၂ ဦးသွားခေါ်ရာတွင် ဆယ်မိနစ်ခန့်ကြာမြင့်ခဲ့ရာ ရပ်ရွာလူကြီးများကလည်း ရေနစ်နေသည့် သူကိုကယ်ဆယ် ၍ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကားဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ပေးလိုက်ကြောင်း သိရသည်။

၎င်းသည် ရေနစ်မွန်းနေသည့်အတွက်ဆေးရုံရောက်ချိန်တွင် သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူက ဆက်ပြောသည်။

“ကျနော်တို့ကားနဲ့ဆေးရုံကို ပို့ပါတယ်၊ ဆေးရုံမှာသေသွားတာပါ” ဟု ဆိုသည်။

သေဆုံးသူ၏အလောင်းကို တာဝန်ရှိ ဆရာဝန်များက ရင်ခွဲစစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း ပေါက်တောမြို့နယ် ဝင်းကျွန်းကုလားချောင်းရွာမှအဖ ဦးဘူလာချေ၏သား အသက် ၃၅ နှစ်အရွယ် ဦးမောင်ဝင်းနိုင်သည် ကွန်ပစ်ဖို့သွားခဲ့ပြီး ပြန်မရောက်သည့်အတွက် ရွားသူ/သားများဝိုင်းဝန်းရှာဖွယ်ခဲ့ရာ အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လယ် ၂ နာရီကျော်တွင် ရွာ၏အနောက်ဖက် ဓားပြန်ချောင်းတွင် သေဆုံးလျက် တွေ့ ရှိခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ