Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် စျေးရောင်းနေသော ဈေးသည်များနှင့် ဘုတ်သမားများ စုစုပေါင်း ၆၀ခန့်ကို စစ်ကောင်စီက ဖမ်းဆီးသွား

စစ်တွေတွင် စျေးရောင်းနေသော ဈေးသည်များနှင့် ဘုတ်သမားများ စုစုပေါင်း ၆၀ခန့်ကို စစ်ကောင်စီက ဖမ်းဆီးသွား

AB News – ဇန်နဝါရီ ၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြို့ ရွှေပြားဆိပ်ကမ်းတွင် စကစအဖွဲ့က စျေးရောင်းနေသော အမျိုးသား၊ အမျိုးသမီးများနှင့် ဘုတ်သမားများ စုစုပေါင်း ၆၀ ခန့်ကိုဖမ်းဆီးသွားကြောင်း သတင်း ရရှိသည်။

အကြမ်းဖက် စကစ အဖွဲ့က ယနေ့ ဇန်နဝါရီလ ၄ ရက် နံနက် ၅ နာရီခွဲတွင် ရွှေပြားစျေးထဲသို့ဝင်လာပြီး ဟင်းသီးဟင်းရွက် ရောင်းချနေသည့် အမျိုးသမီးများနှင့် ဝန်ချနေသည့် အမျိုးသားများကို ဖမ်းဆီးသွားခဲ့ကြောင်း မြို့ခံတစ်ဦးက AB News သို့ပြောသည်။

စစ်တွေတွင် စျေးရောင်းနေသော ဈေးသည်များနှင့် ဘုတ်သမားများ စုစုပေါင်း ၆၀ခန့်ကို စစ်ကောင်စီက ဖမ်းဆီးသွား

“အင်အားတွေက အများကြီးပါ၊ စျေးထဲကိုဝင်လာပြီး ၊ ဟင်းရောင်းတဲ့သူတွေ၊ ငါးရောင်းတဲ့သူတွေကိုဖမ်းတယ်၊ ဘုတ်ကဝန်ချနေတဲ့သူတွေကိုလည်း ဖမ်းသွားတယ်” ဟု ဆိုသည်။

အကြမ်းဖက် စကစအဖွဲ့သည် ပြည်သူများကို အဓမ္မဖမ်းဆီးပြီး ငွေ တစ်သိန်း မှ သုံးသိန်းအထိ တောင်းယူပြီး ပြန်လွှတ်ပေးသူများလည်းရှိကြောင်း သိရသည်။

ပြီးခဲ့သည့် အပတ်ကလည်း မင်းဂံမှ စျေးရောင်းသူများကို ဖမ်းဆီးသွားခဲ့ပြီး ကြိုးချည်ထားကာ ငွေညှစ်တောင်းယူမှုရှိခဲ့ကြောင်း သိရသည်။

၎င်းတို့က ခရီးသွားပြည်သူများ၊ ဘုတ်သမားများ၊ စက်တပ်သမ္ဗာန်သမားများအပါအဝင် ငါးပွဲစားများကို မကြာခဏဖမ်းဆီးမှုများ နေ့စဥ်ရက်ဆက်ပြုလုပ်လာသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ရိုက်နှက်မှုများရှိနေကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးသွားသူများကို စစ်တွေမြို့အမှတ် ၁ ရဲစခန်းနှင့် အမှတ် ၂ ရဲစခန်းတို့တွင် ထိန်းသိမ်းထားရကြောင်း သိရသည်။

စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးလာမှုကြောင့် စစ်တွေမြို့ခံများမှာ စိုးရိမ်ထိတ်လန့်လျက်ရှိနေပြီး လမ်းသွားလမ်းလာမှုများလည်း တိတ်ဆိတ်လျက်ရှိနေသည်။

ဖမ်းဆီးခံရသူများ၏ အသေးစိပ်အချက်အခက်များ ကို AB News က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ