Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် စိတ်ဝေဒနာသည် အမျိုးသမီး ၁ဦးကို အမျိုးသား ၃ဦးက အုပ်စုဖွဲ့မုဒိန်းကျင့်မှုဖြစ်

ABN -ရှိုင်းမိုး

မေလ ၂ရက်နေ့ ညနေပိုင်းအချိန်တွင် စစ်တွေမြို့နယ် ‌ရွှေမင်းဂံရွာနားတွင် စိတ်‌ဝေဒရှင်အမျိုးသမီး ၁ဦးကို၊ အမျိုးသား ၃ဦးက အုပ်စုဖွဲ့မုဒိန်းကျင့်မှုဖြစ်ပွားခဲ့သည်ဟုသိရသည်။

မုဒိန်းကျင့်ခံရသောအမျိုးသမီးသည် စိတ်ဝေဒနာသည် ၁ ဦးဖြစ်ပြီး အမည် ဒေါ်ခင်ဝင်းဆန် အသက် ၄၀ ကျော်အရွယ် ဖြစ်သည်ဟုသိရသည်။

ထိုအမျိုးသမီးသည် ပေါက်တောမြို့နယ် ဖဒူရွာမှဖြစ်သည်ဟုသိရသည်။

“အဲဒီအမျိုးသမီးက စိတ်ပုံမှန်မဟုတ်ပါဘူး။ သူ့အသက်က ၄၀ကျော်လောက်ရှိပါတယ်၊ အသက်ကိုတော့အတိကျမသိပါဘူး၊ ပြီးတော့သူက ပေါက်တောမြို့နယ်ကပါ၊ ဒီနေ ညနေပိုင်းလောက်ကဖြစ်သွားတာပါ” ဟုအမှုနှင့်ရင်းနီးသူတစ်ဦးက ABN “ သို့ ပြောသည်။

ထိုအမျိုးသမီးအား မုဒိန်းကျင့်သူများသည် စစ်တွေမြို့နယ် ရွှေမင်းဂံရွာထဲမှဖြစ်သည်ဟုသိရသည်။

လက်ရှိတွင် ထိုတရားခံ ၃ဦးသည် ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

“ အခုတော့ တရားခံ ၃ဦးကို ရက္ခိုင့်တပ်တော်က လိုက်ဖမ်းနေပါတယ်၊ သူတို့က ရွှေမင်းဂံရွာထဲကပါ၊ စစ်ကောင်စီဖက်က လိုက်ဖမ်းလားမဖမ်းလားဆိုတာကိုတော့ ကျွန်တော်လည်း အတိကျမသိပါဘူး” ဟု၎င်းကပြောသည်။

လက်ရှိအချိန်တွင် ထိုအမျိုးသမီးကို စစ်တွေမြို့ လုံခြုံသည့်နေရာတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ဓာတ်ပုံ-ABN

စစ်တွေတွင် စိတ်ဝေဒနာသည် အမျိုးသမီး ၁ဦးကို အမျိုးသား ၃ဦးက အုပ်စုဖွဲ့မုဒိန်းကျင့်မှုဖြစ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ