Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် စစ်ဘေးရှောင်ရန်သွားသည့် ကလေး ၂ ဦးအပါအဝင်ပြည်သူ ၇ ဦးကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွား

စစ်တွေတွင် စစ်ဘေးရှောင်ရန်သွားသည့် ကလေး ၂ ဦးအပါအဝင်ပြည်သူ ၇ ဦးကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွား

AB News – မတ်လ ၂၆၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြို့တွင် အရပ်ဝတ်ဝတ်ထားသည့် စစ်ကောင်စီအဖွဲ့က စစ်ဘေးရှောင်ရန်သွားသည့် ကလေး ၂ ဦးအပါအဝင်ပြည်သူ ၇ ဦးကိုဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

၎င်းတို့ ၇ ဦးသည် ယနေ့မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီ ၄၀ မိနစ်တွင် တုတ်တုတ် ခေါ် သုံးဘီးဖြင့် စစ်တွေမြို့ထဲဖက်မှ ရေချမ်းပြင်သို့သွားသည့်လမ်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးက ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“သူတို့က စစ်တွေ မြို့ထဲကနေပြီးတော့ ရေချမ်းပြင်ကိုသွားတာပါ။ အရပ်ဝတ် ဝတ်ထားတဲ့ စကစ တပ်ဖွဲ့ဝင်  ၃ ယောက်ကလာဖမ်းတယ်။ လက်ထဲမှာလည်း သေနတ်တွေနဲ့ဆိုတော့ ဘယ်သူမှ မပြောရဲကြ ဘူး” ဟု ဆိုသည်။

ဖမ်းဆီးခံရသူ ၇ ဦးထဲတွင် ကလေးငယ် ၂ ဦး၊ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၃ ဦး နှင့် သက်ကြီးပိုင်အရွယ် ၂ ဦးပါရှိကြောင်း သိရသည်။

အဆိုပါ ၇ ဦးအား ရဲဘော်စျေးလမ်းအတိုင်း ခေါ်သွားကြောင်း သိရှိရသော်လည်း AB News က သီးခြားအတည်မပြုနိုင်သေးပေ။

ထို့အပြင် ယမန်နေ့ မတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီကျော်တွင်လည်း စစ်တွေမြို့ပေါ် မှ ပြည်သူ ၁၀ ဦးသည်  အောင်ဒိုင်ရွာဖက်သို့ စစ်ဘေးရှောင်ရန်သွားရာ၌ စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့်မတ်လ ၂၄ ရက်နေ့  ည ၁၀ နာရီခန့်အချိန်တွင်လည်း စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းနှင့် မိသားစုဝင် ၆ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

လက်ရှိ စစ်တွေမြို့တွင် တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး မြို့ခံပြည်သူများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်လျက်ရှိရာ စစ်ကောင်စီက စစ်ဘေးရှောင်ပြည်သူများအား လိုက်လံ ဖမ်းဆီးလျက်ရှိနေခြင်းဖြစ်သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ