Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် စစ်ကောင်စီအဖွဲ့ ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော အရပ်သားပြည်သူ ၅၃ ဦးထဲမှ ၄ ဦးပြန်လွတ်လာ

စစ်တွေတွင် စစ်ကောင်စီအဖွဲ့ ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော အရပ်သားပြည်သူ ၅၃ ဦးထဲမှ ၄ ဦးပြန်လွတ်လာ

AB News – ဒီဇင်ဘာ ၁၅၊ ၂၀၂၃

စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းအနီး ရေတပ်နေဗီမှ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားခဲ့ရသော အရပ်သားပြည်သူ ၅၃ ဦးထဲမှ ၄ ဦးပြန်လည် လွတ်မြောက်လာကြောင်း AB News မှ ထောက်လှမ်း သိရသည်။

ပြန်လည် လွတ်မြောက်လာသူများမှာ ပေါက်တောမြို့နယ် ဖဒူရရွာမှ အဖ ဦးမောင်စိန်ဖြူ၏ သမီး အသက် ၃၀အရွယ်ကိုယ်ဝန်ဆောင်မိခင် ဒေါ်မကျော့စိန်၊ စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက် မင်းဒရားချိတ်ရွာဟောင်းမှ အဖ ဦးသန်းရွှေ၏သမီး အသက် ၁၃ နှစ်အရွယ် ကျောင်းသူ မစိုးပြည့်ဝင်း၊ စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်မှ ဦးထွန်းထွန်းဝေ၏သား အသက် ၁၃ နှစ်အရွယ် ကျောင်းသား မောင်ဖြိုးဟိန်းမြတ် အပါအဝင် ကျန်းမာရေးဝန်ထမ်းအမျိုးသမီး ၁ ဦးတို့ဖြစ်သည်။

၎င်းတို့သည် ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီကျော်ခန့်တွင် စစ်တွေမြို့အမှတ် ( ၁) ရဲစခန်းမှ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လွတ်မြောက်လာသူထဲတွင် ကျောင်းသား/သူ ၂ ဦး၊ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အပါအဝင် တစ်ခြားအမည်မသိရသေး ကျန်းမာရေးဝန်ထမ်း ၁ ဦးတို့ဖြစ်သည်​။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် မည်သည့်အတွက်ကြောင့်ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုကား တိတိကျကျမသိရှိရပေ။

၎င်းတို့အားလုံးသည် ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပေါက်တောမြို့နယ်ဖက်မှ စစ်တွေမြို့သို့ စက်လှေ ၁၆ စီးဖြင့် စျေးဝယ် ရန်လာစဥ် စစ်တွေ ကိုးရီးယားဆိပ်ကမ်းတွင် ဗိုလ်မှူး ထိန်လင်း ဦးဆောင်သည့် စရယ ( ရန်ငြိမ်းအောင်) နေဗီက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ကျန်ရှိနေသော အရပ်ပြည်သူ ၄၉ ဦးမှာ စစ်တွေမြို့ အမှတ် ၁ နယ်မြေရဲစခန်းတွင် ဆက်လက် ထိန်းသိမ်းခံထားရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ