Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် စစ်ကောင်စီယာဥ်နှင့် တိုက်၍ အရပ်သားတစ်ဦးသေဆုံး

စစ်တွေတွင် စစ်ကောင်စီယာဥ်နှင့် တိုက်၍ အရပ်သားတစ်ဦးသေဆုံးသွားကြောင်းသိရသည်။

ယနေ့ ဇန်နဝါရီလ ၂ရက်နေ့ ၁၂နာရီ ၄၀ မိနစ်တွင် Wave Family KTV ရှေ့လမ်းမကြီးရှေ့၌ စစ်ကောင်စီစစ်ကားနှင့် ဆိုင်ကယ်စီးလာသည့် အရပ်သားတစ်ဦးတို့ တိုက်မိပြီး ဆိုင်ကယ်စီးလာသူမှာ နေရာ၌ပင်သေဆုံးသွားကြောင်းသိရသည်။

” ရေတပ်ကရိက္ခာတွေသယ်ယူနေတဲ့ စစ်ကားနှင့်တိုက်မိတာပါ၊ ဆိုင်ကယ်မောင်းသူက တခါတည်းသေသွားပါတယ်၊ အဲဒီကားထဲက စစ်သားတွေလည်းဆင်းကြည့်တာမတွေ့ပါဘူး” ဟုမျက်မြင်တစ်ဦးမှပြောသည်။

ထိုလူနာကို မေတ္တာရောင်ခြည်ဖောင်ဒေရှင်းမှ စစ်တွေပြည်သူဆေးရုံသို့ယူလာကြပြီး နောက်ပိုင်းတွင် ရဲတပ်သားများ ဆေးရုံသို့လိုက်ပါလာကြောင်းသိရသည်။

” သူတို့ ရင်ခွဲရုံထဲကို သွင်းလိုက်ပါပြီ၊ မိသားစုတွေလည်း လာပြီးဆက်သွယ်လာတာ မရှိသေးပါဘူး” ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ကိုသူရကျော်မှပြောသည်။

သေဆုံးသွားသည့်သူ၏ နေရပ်လိပ်စာနှင့်မိသားစုဝင်များကို မေတ္တာရောင်ခြည်ဖောင်ဒေရှင်းမှစုံစမ်းနေကြောင်းသိရသည်။

စစ်တွေတွင် စစ်ကောင်စီယာဥ်နှင့် တိုက်၍ အရပ်သားတစ်ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ