Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် စစ်ကောင်စီနှင့် ၎င်း၏လက်ကိုင်တုတ်ခွဲထွက် ALP အဖွဲ့က ရက္ခိုင် ၆ ဦးနှင့် မူဆင်လင် ၆ ဦးကို ဖမ်းဆီးသွား

စစ်တွေတွင် စစ်ကောင်စီနှင့် ၎င်း၏လက်ကိုင်တုတ်ခွဲထွက် ALP အဖွဲ့က ရက္ခိုင် ၆ ဦးနှင့် မူဆင်လင် ၆ ဦးကို ဖမ်းဆီးသွား

AB News – ဇန်နဝါရီလ ၁၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီနှင့် ၎င်း၏ လက်ကိုင်တုတ်အဖွဲ့ဖြစ်သည့် ခွဲထွက် ALPသည် ရက္ခိုင် ၆ ဦးနှင့် မူဆင်လင် ၆ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ဇန်နဝါရီလ ၁ ရက်၊ နေ့လည် ၂ နာရီ ၄၈ မိနစ်တွင် လက်နက်ခဲယမ်းအ​ပြည့်ဖြင့် အင်အား ၃၀ ခန့်ရှိသော စကစ အဖွဲ့နှင့်ပူးပေါင်းလက်ကိုင်တုတ်အဖွဲ့သည် စစ်ကား ၉ စီးဖြင့် စစ်တွေမြို့ မင်းဒရားချိတ်ရွာဟောင်းရပ်ကွက်သို့လာပြီး အရပ်သားပြည်သူများကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“အင်အားက ၄ဝ ကျော်လောက်ပါတယ်၊ စစ်ကား ၉ စီးကိုရေကန်အနားမှာရပ်ထားတယ်၊ ပြီးတော့ ဘုန်းကြီးကျောင်းဖက်မှ ပတ်ဝင်လာပြီး အရပ်သားပြည်သူတွေကိုလိုက်ဖမ်းတယ်၊ ပြည်သူတွေလည်း ထိတ်လန့်သွားခဲ့တယ်” ဟု ဆိုသည်။

ဖမ်းဆီးခံရ​သူများမှာ မင်းဒရားချိတ်ရွာဟောင်းမှ အသက် ၃၈ နှစ်အရွယ် ဦးခင်မောင်ဦး၊ အသက် ၆၂ အရွယ် ဦးဘုမောင်ချေ၊ အသက် ၂၈ နှစ်အရွယ် မောင်စောအောင်သိန်း၊ အသက် ၃၃ နှစ်အရွယ် ဂျပန်၊ အသက် ၁၉ နှစ်အရွယ် စောဘုချေ၊ အသက် ၂၈ နှစ်အရွယ် ကလေးမိခင် ဒေါဆန်းဝင်းနွယ် တို့ဖြစ်ပြီး တစ်ခြား အင်းပေါက်ဝ ကုမ္ပဏီ

အတွင်းအလုပ်လုပ်ကိုင်နေသည့် ခေါင်းဆောင် ဦးမောင်ဘနှင့်အလုပ်သမား ၆ ဦးတို့ဖြစ်သည်။

၎င်းထဲမှ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ နှင့် ၎င်း၏လက်ကိုင်တုတ် ဒေါ်စောမြရာဇာလင်းဦးဆောင်သည့် ခွဲထွက် ALP အဖွဲ့ က ဦးစောအောင်သိန်းကိုရိုက်ပုတ်ကာ ၎င်း၏ဘေးတွဲဆိုင်ကယ်ကိုစီးပြီး အမှတ် ၁ ရဲစခန်းသို့ ခေါ်ယူသွားခဲ့ကြောင်း သိရသည်။

၎င်းတို့အား မည်သည့်ကိစ္စဖြင့်ဖမ်း​ဆီးခေါ်ဆောင်သွားသည်ကိုကား တိတိကျကျမသိရှိရသေးပေ။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏လက်ကိုင်တုတ်အဖွဲ့ဝင်များပူးပေါင်းပြီး အပြစ်မဲ့ ပြည်သူများကို ဖမ်ဆီးလာခြင်း၊ လက်နက်အားကိုးဖြင့် နိုင်ထက်စီးနင်းပြုလုပ်လာခြင်းများကို နေ့စဥ်ရက်ဆက်လိုလိုပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ