Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စာသင် ကျောင်း ၂ ကျောင်း ကို တပ်စွဲမည် ဟု ဒေသခံများ ပြော

စစ်တွေတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စာသင် ကျောင်း ၂ ကျောင်း ကို တပ်စွဲမည် ဟု ဒေသခံများ ပြော

AB News – နိုဝင်ဘာ ၄ ရက်

ရခိုင်ပြည်၊ စစ်တွေမြို့ ရှိ စာသင်ကျောင်း ၂ ကျောင်းကို စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်းက တပ်စွဲသွားမည် ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်စွဲမည့်ကျောင်းများမှာ စစ်တွေမြို့ မင်းဒရားချိတ်ရွာဟောင်း မူလွန်ကျောင်းနှင့် ဆတ်ရိုးကျ ကယ်ဆယ်ရေး အကွက် ( ၁) စာသင်ကျောင်းတို့ဖြစ်ကြသည်။

စကစတပ်ဖွဲ့ဝင် ၁၀ ဦးသည် ယမန်နေ့ မွန်းလွဲ ၁၂ နာကျော်တွင် မင်းဒရားချိတ်မူလွန်ကျောင်းသို့ ရောက်လာပြီး ကျောင်းဆရာမများအားခေါ်ကာ ၎င်းတို့တပ်စွဲသွားမည်ဖြစ်ကြောင်း ပြောခဲ့သည် ဟု ဒေသခံ တစ်ဦးက AB News သို့ပြောသည်။

“စကစတပ်ဖွဲ့တွေရောက်လာပါတယ်၊ ကျောင်းဆရာမတွေကိုခေါ်တယ်၊ သူတို့တပ်စွဲသွားမယ်လို့ပြောတယ် ၊ ဆရာမတွေလည်း အဆင်မပြေဘူး ပြောလိုက်ပါတယ်” ဟု ဆိုသည်။

စကစတပ်ဖွဲ့ဝင်များသည့် မည်သည့်အတွက်ကြောင့် စာသင်ကျောင်းများတွင်တပ်စွဲမည်ကို မသိရှိရသည့်အပြင် ကျောင်းသူ/သားများကို အန္တရာယ်ဖြစ်လာနိုင်စေကြောင်း စစ်တွေမြို့ခံများက ပြောသည်။

ထို့အပြင် စကစတပ်ဖွဲ့ဝင်များသည် ဆတ်ရိုးကျကျောင်း သို့သွားရောက်ပြီး ကျောင်းဆရာဆရာမများကို ခေါ်ယူ၍ ၎င်းတို့တပ်စွဲမည် အကြောင်းပြောရာ ဆရာများငြင်းခုန်မှုဖြစ်ခဲ့ကြောင်း ၎င်းမှဆက်ပြောသည်။

“ဆတ်ရိုးကျကျောင်းကိုသွားပြီး ဆရာမတွေခေါ်တယ်၊ သူတို့တပ်စွဲမယ့် အကြောင်းကိုပြောတယ်၊ ဆရာမတွေကလည်း ဒီမှာတပ်စွဲရင် ကျမတို့ ဘယ်မှသင်ပြရမှာလဲလို့မေးတယ်၊ အပြင်မှာသင်လို့ စကစ တွေကပြောသွားတယ်” ဟု ဆိုသည်။

၎င်းတို့သည် စာသင်ခန်းများအား သန့်ရှင်းရေးပြုလုပ်ကာ နောက် ၃ ရက်ခန့်အတွင်း လာရောက်တပ်စွဲသွာမည့်အကြောင်းကို ဆရာ/ဆရာမများအား အသိပေးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

စာသင်ကျောင်းများတွင် မည်သည့် လက်နက်ကိုင် တပ်ဖွဲ့မှ တည်းခိုခြင်း၊ စခန်းချ နေထိုင်ခြင်း၊ တိုက်ခိုက်ခြင်း မပြုရဟု နိုင်ငံတကာ စစ်ဥပဒေက ကန့်သတ်ထားသည်။

စစ်ကောင်စီတပ်သည် ရခိုင်တွင် တိုက်ပွဲဆင်နိုင်ရန် အမျိုးမျိုး ပြင်ဆင်လျက်ရှိပြီး၊ စစ်လက်နက်နှင့် စစ်အင်အားများကိုလည်း ကြည်း ရေ လေ သုံးကာ အင်အား ဖြည့်တင်းလျက်ရှိနေသည်။

ထို့အပြင် ရခိုင်ပြည်ရှိ နိုင်ငံရေး စစ်ရေး လေ့လာသူများကလည်း ရခိုင်တွင် တိုက်ပွဲ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားထားသည်။

ဓာတ်ပုံ-APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ