Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး၏ ကားဖြင့်တိုက်၍ လက်သမား ၁ ဦးသေဆုံး

ABN-မေ ၂၁ ရက်

ရခိုင်ပြည် စစ်တွေမြို့တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး၏ကားဖြင့် တိုက်၍ လက်သမား ၁ ဦး သေဆုံးသွားကြောင်း သိရသည်။

ဗိုလ်မှူးအဆင့်ရှိသူမှာ ခမရ ၃၄၄ တပ်ရင်းမှ ဗိုလ်မှူး အောင်မင်းသူ ဖြစ်ပြီး ကားတိုက်မှုမှာ ယမန်နေ့ မေလ ၂၀ ရက်နေ့ ညနေ ၅ နာရီခန့်က ဖြစ်သည်။

ကားတိုက်ခံရ၍ သေဆုံးသွားသူမှာ အဘ ဦးအောင်သာဦး၏သား ဦးအေးထွန်းစံ အသက် ၄၃ နှစ်ဖြစ်ပြီး ၎င်းမှာ စစ်တွေမြို့ နာရီကန်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။

လက်သမား ဦးအေးထွန်းစံမှာ မေလ ၂၀ ရက်နေ့က ရဲဘော်ဈေး (ခ) တပ်နယ်ဈေးတွင် လက်သမားလုပ်ပြီး အိမ်ပြန်ရန် ပြင်နေစဥ် ဗိုလ်မှူးကားဖြင့် ဝင်တိုက်၍ ဒဏ်ရာရသွားသဖြင့် စစ်တွေမြို့နယ် သင်ပုန်းတန်းရွာရှိ ကုတင် ၁၀၀ ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အလောင်းကို စစ်ကောင်စီတပ်ကားဖြင့် နေအိမ်သို့ လာပို့သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဓာတ်ပုံ-ဗိုလ်မှူးအောင်မင်းသူ၏ကား နံပတ်ဖြစ်

စစ်တွေတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး၏ ကားဖြင့်တိုက်၍ လက်သမား ၁ ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ