Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် စစ်ကောင်စီတပ်သား တစ်ဦး ပစ်လိုက်သည့် သေနတ်ကျည်ထိပြီး ကျောင်းသား ၁ ဦးဒဏ်ရာရ

ABN-ရှိုင်းမိုး

ရခိုင်ပြည် စစ်တွေမြို့တွင် ကျောင်းသား ၂ဦး မိတ္တူကူးရန်လာစဥ် စစ်ကောင်စီတပ်သား တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လိုက်သောကြောင့် ကျောင်းသား ၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့ ည ၇ နာရီကျော်အချိန်တွင် စစ်တွေလေယာဥ်ကွင်းဝင်ဝ လမ်းဆုံအနီး မိတ္တူဆိုင်တွင် ကျောင်းသား ၂ဦး မိတ္တူကူးရန်လာစဥ် စစ်ကောင်စီတပ်သား တစ်ဦးလက်မှ သေနတ်​မှ ကျည်ထိ၍ ကျောင်းသား ၂ဦးထဲက ကျောင်းသား ၁ဦး၏ပေါင်ကို ကျည်ထိမှန်သွားသည်ဟု ဒေသခံတစ်ဦးမှ ပြောသည်။

“ ကျောင်းသား ၂ဦးက မိတ္တူကူးဖို့လာကြတာပါ၊ ဘယ်သူမှန်းလဲတော့ သေချာမသိပါဘူး၊ အဲဒီအချိန်မှာ သေနတ်ပစ်ခတ်သံ တချက်ကြားလိုက်ပါတယ်၊ သေနတ်က လွတ်ကျတာလား၊ ပစ်လိုက်တာလား သေချာမမြင်လိုက်ပါဘူး၊ သေနတ်သံကြားတဲ့ ဖက်ကိုလှည့်ကြည်လိုက်တော စစ်သားတွေဝိုင်းနေတာတွေ့ပါတယ်” ဟု မျက်မြင်သက်သေတစ်ဦးမှ ပြောသည်။

“သူတို့ စစ်သားတွေက အဲဒီကျောင်းသားကို သူတို့တပ်ရင်းထဲကို ယူသွားပါသေးတယ်၊ ပြီးမှ ဆေးရုံယူသွားတာပါ၊ သူတို့ပြောတာက အဲဒီစစ်သားက အရက်သောက်ထားပါတယ်၊ အရပ်မူးမူးနဲ့ သေနတ်ကို မောင်းတင်ထားတယ်၊ သေနတ်လွတ်ကျသွားလို ကျည်ထွက်သွားပါ” ဟု နောက်ထပ်အမည်မဖော်လိုသည့် မျက်မြင်တစ်ဦးက သူတို့ပြောသံကိုကြားခဲ့ကြောင်းပြောသည်။

စစ်ကောင်စီတပ်သား၏ ကျည်ထိမှန်၍ ကျောင်းသား လူငယ်၏ ပေါင်တွင် ဒဏ်ရာရသွားကာ လက်ရှိတွင် စစ်တွေ ဆေးရုံတွင် ဆေးကုသထားရကြောင်း စုံစမ်းသိရှိရသည်။

အသေးစိတ်အချက်အလက်များကိုမူ ABN က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်တွေတွင် စစ်ကောင်စီတပ်သား တစ်ဦး ပစ်လိုက်သည့် သေနတ်ကျည်ထိပြီး ကျောင်းသား ၁ ဦးဒဏ်ရာရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ