Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် စစ်ကားမှောက်ပြီး စကစတပ်သား ၄ ဦးဒဏ်ရာပြင်းထန်ရ

စစ်တွေတွင် စစ်ကားမှောက်ပြီး စကစတပ်သား ၄ ဦးဒဏ်ရာပြင်းထန်ရ

AB News – ဒီဇင်ဘာ ၁၄၊ ၂၀၂၃

ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ် သိန်းတန်အရှေ့ဖက်မှ ထွက်လာသောစစ်ကားတစ်စီးသည် ရွှေကျားရက္ကန်းအထည်ဆိုင် လမ်းရှေ့တွင် မှောက်သွားခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် ၄ ဦး ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။

၎င်းတို့သည် ယနေ့ မွန်းလွဲ ၂ နာရီကျော်တွင် သိန်းတန်းအရှေ့ဖက်မှ ထွက်လာပြီး ရက္ကန်းထည်ဆိုင်ရှေ့တွင် မှောက်သွားခဲ့ကြောင်း စစ်တွေ မြို့ခံတစ်ဦးက AB News သို့ပြောသည်။

“စကစတွေက သူဟာနဲ့ထွက်လာတာပါ၊ အဲ့ဒီဆိုင်ရှေ့ရောက်တော့ ကားကသူ့အလိုလိုမှောက်သွားတယ်၊ အခုဆေးရုံတင်ထားရတယ် ၄ ယောက်တောင် ဒဏ်ရာရသွားတယ်” ဟု ဆိုသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများအား စစ်တွေတပ်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး အရေးပေါ် ဆေးကုသမှုခံယူထားရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ပြည်သူများအသုံးပြုသွားလာနေသော လမ်းများတွင် ဂိတ်များချထားပြီး အဝင်အထွက် များကိုလည်း တင်းကြပ်စွာစစ်ဆေးလျက်ရှိသည်။

ထို့အပြင် မြို့ထဲတွင်လည်း ညဥ့်အချိန်မတော်လက်နက်များဖြင့် ကင်းလှည့်မှုများ၊ နေအိမ်များသို့ဝင်ရောက်ပြီးဖမ်းဆီးမှုများအပါအဝင် ငွေညှစ်မှုများလည်းပြုလျက်ရှိကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ