Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် စက်လှေနှင့် ဘုတ်ရေယာဥ်များအား စစ်ကောင်စီနေဗီစစ်ဆေးခဲ့ပြီး ဘုတ်တစ်စီးအား ဖမ်းဆီးသွားကြောင်း သိရ

ABN-ထက်မြတ်ခင်

ယနေ့ ဇန်နဝါရီလ ၂၅ရက် နံနက် ၇နာရီခွဲအချိန်က ရခိုင်ပြည်၌ ပင်လယ်ပြင်ဖက်မှလာသည့် စစ်ကောင်စီ နေဗီ ၁စီးသည် စစ်တွေမြို့ ဆပ်ရိုးကျတံတားအောက် အဝင်ဝချောင်းတွင် ဘုတ်၊စက်လှေသွားလာမှုများကို စစ်ဆေးဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး ၎င်းတို့အထဲမှ ဘုတ်တစ်စီးအားဖမ်းဆီးခေါ်ယူသွားကြောင်းသိရသည်။

“ပေါက်တောမြို့နယ်ဖက်ကလူတွေက စစ်တွေမြို့ကို ရေကြောင်းအသုံးပြုပြီးသွားကြရတာပါ။ အဲဒီနေဗီက မနက်စောစော ပင်လယ်ပြင်ဖက်ကလာပြီး စစ်တွေမြို့ဝင်ဝ ဆတ်ရိုးကျတံတားအနီးက ဘုတ်နှင့် စက်လှေတွေပါမကျန်အကုန် စစ်ဆေးပြီး ဘုတ်တစ်စီးကိုတော့ဖမ်းဆီးသွားပါတယ်” ဟုပြောသည်။

စစ်ကောင်စီ နေဗီ ဖမ်းဆီးသွားသည့် ဘုတ်မှာ ပေါက်တောမြို့နယ်မှဖြစ်ကြောင်း သိရသော်လည်း ပိုင်ရှင်နှင့် နေရပ်လိပ်စာ အတိအကျကိုမူ မသိရသေးပေ။

ထိုသို့ စက်လှေနှင့် ဘုတ်များအား စစ်ဆေးမှု ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကြောင့် ရေကြောင်းကို အဓိကထားသွားလာနေရသည့် ပေါက်တောမြို့နယ်မှ ပြည်သူများမှာ စိတ်အနှောင့်အယှက်နှင့် ခရီးကြန့်ကြာမှုများ ဖြစ်ကြောင်း သိရသည်။

“ကျမက ပေါက်တောကပါ။ စစ်တွေကိုလာဖို့ အမြဲတမ်း ဘုတ်စီးပြီးလာရတာပါ။ နေဗီက မကြာမကြာ စစ်ပါတယ် စစ်တော့လည်း အချိန်အကြာကြီး စစ်တယ်။ ခရီးသည်တွေမှာ ပါသမျှ ပစ္စည်းအကုန်စစ်တယ်။ ဒီလိုလုပ်နေရင် ကျမတို့မှာ သူတို့ကို ကြောက်လည်း ကြောက်ရ။ အချိန်ကလည်း ကြာတယ်” ဟု ခရီးသည် တစ်ဦးက ပြောသည်။

ပေါက်တောမြို့နယ် ရဖီးချပ်တောင်၊ ကုလားပိုက်တန်းနှင့် သဲခုံကျွန်းအနီးတို့တွင်လည်း လွန်ခဲ့သည့် ဇန်နဝါရီလ ၂၃ နေ့မှ ယနေ့ဇန်နဝါရီလ ၂၅ရက်နေ့အထိ စစ်ကောင်စီတပ် နေဗီများရောက်ရှိနေကြကြောင်း ၎င်းကဆက်ပြောသည်။

“နေဗီရောက်နေကျတာက ၂ရက်ရှိပါပြီ။ သူတို့က အဲလိုနေနေကြတော့ ပေါက်တောမြို့နယ်ရှိ လူများစုက ကြောက်နေကြပါတယ်ဟု” နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီလအစောပိုင်ကလည်း မြေပုံပေါ်ရှိ သင်္ဘောဆိပ်တွင် စစ်ကောင်စီတပ်သားများ ခရီးသွားစက်လှေများထံမှ ငွေများတောင်းခဲ့ကြောင်း သိရသည်။

စစ်တွေတွင် စက်လှေနှင့် ဘုတ်ရေယာဥ်များအား စစ်ကောင်စီနေဗီစစ်ဆေးခဲ့ပြီး ဘုတ်တစ်စီးအား ဖမ်းဆီးသွားကြောင်း သိရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ