AB News – ဇန်နဝါရီ ၁၂၊ ၂၀၂၄
ရက္ခိုင်ပြည် စစ်တွေမြိုတွင် စကစအဖွဲက ကား၊ဆိုင်ကယ်၊ တုတ်တုတ်ချေ အမျိုးအစားအလိုက် နိုင်တီတူး တစ်လီတာကို ၃၄၀၀ ကျပ်နှုန်း အကန့်အသတ်ဖြင့်ရောင်းချခွင့်ပြုထားကြောင်း သိရသည်။
စစ်တွေရှိ ဆီဆိုင်ကြီးများသည် တစ်ရက်မှာ ၂ ဆိုင်အလှည့်ကျစီ တစ်ကြိမ်သာရောင်းချခွင့်ပြုထားပြီး ဆီဝယ်ယူလိုသူများလည်း တစ်ပတ်မှာ ၁ ကြိမ်သာ ဝယ်ယူခွင့်ရကြောင်း သိရသည်။
ဆီဝယ်ယူရာတွင် လိုင်စင်ရှိသည့် ဆိုင်ကယ်၊ ကား၊ တုတ်တုတ်ချေ ဝယ်ယူနိုင်ပြီး လိုင်စင်မရှိပါက ကညန ရုံးတွင် သက်တမ်းတိုး၍ ဝယ်ယူနိုင်ကြောင်း သိရသည်။
ယနေ့တွင် ရွှေရိုးမဆိုင်ဆီဆိုင်နှင့် City ဆီဆိုင်ကြီးများမှ ကားဆိုလျှင် ၁၀ လီတာ၊ တုတ်တုတ်ချေဆိုလျှင် ၆ လီတာ နှင့် ဆိုင်ကယ်ဆိုလျှင် ၂ လီတာဖြင့် တစ်ပတ်မှာ ၁ ကြိမ်သာဝယ်ယူခွင့်ပြုထားကြောင်း သိရသည်။
ဆီဝယ်ယူလိုသူများသည် နံနက် ၈ နာရီမှ ၁၁ နာရီအထိ အချိန်သတ်မှတ်ထားသော်လည်း နောက်နေ့များတွင် မည်သို ရောင်းချသွားမည်ကို မသိရှိရသေးပေ။
ဆီများကို အကန့်အသတ်ဖြင့် ရောင်းချနေသည့်အတွက် တန်းစီပြီး စောင့်နေသည့် လူအချို မရလိုက်ကြောင်း မြိုခံ ၁ ဦးက AB News သိုပြောသည်။
“ကျနော်တိုက ဝယ်ချင်တိုင်းဝယ်လိုမရပါဘူး၊ အကန့်အသတ်နဲ့ရောင်းနေတာဆိုတော့ တန်းစီပြီးစောင့်နေရတာလေ၊ တစ်ခြားသူတွေဆို မရတာလည်း ရှိတယ် ” ဟု ဆိုသည်။
ဆီဆိုင်ကြီးများမှလည်း တစ်ရက်တွင် ဆီဂါလံ ၁၅ဝဝ ခန့်သာ ရောင်းချခွင့်ပြုထားသည့်အတွက် စစ်တွေမြိုခံပြည်သူအချို အခက်တွေ့နေရကြောင်း သိရသည်။
လက်ရှိတွင် ကျေးလက်ဒေသအများအပြားတွင် 92 တစ်လီတာကို ၂၅၀၀၀ ထိစျေးနှုန်းမြင့်တက်နေသည့်အတွက် ခရီးသွားပြည်သူများတွက် အခက်အခဲများနှင့်ရင်ဆိုင်နေကြရသည်။