သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ကိုရင်ငယ်တစ်ပါး ရေလှိုင်းဆော့ကစားရာမှ ရေနစ်၍ ဆေးရုံတင်ထားရ

စစ်တွေတွင် ကိုရင်ငယ်တစ်ပါး ရေလှိုင်းဆော့ကစားရာမှ ရေနစ်၍ ဆေးရုံတင်ထားရ

AB News-နိုဝင်ဘာ ၅ ရက်

စစ်တွေမြို့ ပွိုင့်ကမ်းခြေတွင် ကိုရင်ငယ်တစ်ပါး ရေလှိုင်းဆော့ကစားရာမှ ရေနစ်သွားပြီး ဆေးရုံတင်ထားရကြောင်း သိရသည်။

ကိုရင်ငယ်သည် ညနေ၄ နာရီ ကျော်ခန့်က တစ်ခြားကိုရင် တစ်ပါးနှင့်အတူ ရေလှိုင်းဆော့ကစားရာမှ ဒီရေဆွဲမှုကြောင့် ကမ်းခြေနှင့် မနီးမဝေးသို့ရောက်ရှိသွားခဲ့သည့် အတွက် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း မှ တာဝန်ရှိသူများက သွားရောက်ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

​၎င်းအဖွဲ့တာဝန်ရှိသူများက သွားရောက်ကယ်ဆယ်ပြီး ​စစ်တွေမြို့ပြည်သူဆေးရုံကို ပို့​လိုက်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ၏ တာဝန်ရှိသူ တစ်ဦးက AB News သို့ ပြောသည်။

“ရေနစ်သွားတဲ့ကိုရင်ကို ကျနော်တို့ဆေးရုံပို့လိုက်ပါတယ်၊အခြေအနေတော့မသိရသေးဘူး ” ဟု ဆိုသည်။

​ရေလှိုင်းဖြင့်မျောပါ၍ ရေနစ်သွားသည့် ကိုရင်ငယ်ကို အရေးပေါ်ဆေးရုံတင်ထားရပြီး အခြေအနေကိုမသိရှိရကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လည်အချိန်ခန့်တွင် စစ်တွေပွိုင့်ကမ်းခြေ၌ ရေကစားရင်း ကလေးငယ် ၃ ဦးသည်ရေနစ် သေဆုံးခဲ့ကြောင်း The Bay Bar မှ CCTV မှတ်တမ်းဖိုင်အရ သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ