Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ကားတစ်စီးမှ ဆိုင်ကယ်၃စီးအားဝင်တိုက်၍ အမျိုးသမီး၂ဦးပြင်းထန်းဒဏ်ရာရ

စစ်တွေတွင် ကားတစ်စီးမှ ဆိုင်ကယ်၃စီးအားဝင်တိုက်၍ အမျိုးသမီး၂ဦးပြင်းထန်းဒဏ်ရာရ

ABN-ထက်မြတ်ခင်

စက်တင်ဘာ ၂၄ရက်

ရခိုင်ပြည် ၊ စစ်တွေမြို့ လောကာနန္ဒာစေတီ မီးပွိုင့်အနီးတွင် ယနေ့ညနေ ၅နာရီ ၄၀မိနစ်အချိန်က ကားအမည်းတစ်စီးမှ ဆိုင်ကယ် ၃စီးအားဝင်တိုက်မှုဖြစ်၍ အမျိုးသမီး၂ဦးပြင်းထန်ဒဏ်ရာရှိသွားသည်ဟုသိရသည်။

ဒဏ်ရာရရှိသွားသည့် အမျိုးသမီး ၂ဦးမှာ ကျောင်းသူများဖြစ်ကြောင်းသိရသည်။

၎င်းကျောင်းသူ၂ဦး ခေါင်းနောက်ထင်၌အပြင်းအထန် ဒဏ်ရာရရှိသွားပြီး ရွှေရောင်မေတ္တာဖောင်းဒေးရှင်းမှ စစ်တွေမြို့ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်းရသည်ဟုသိရသည်။

ဖြစ်စဉ်မှာ ၎င်းတို့၂ဦးမှာ ယနေ့ ညနေအချိန်က စစ်တွေမြို့ လောကာနန္ဒာစေတီ မီးအပွိုင့်အနီးတွင် မီးပွိုင့်မိနေစဉ် ထိုကားမှာ လာရောက်တိုက်ခြင်းဖြစ်သည်ဟုသိရသည်။

ကားဖြင့်တိုက်သွားသည့် ကားနှင့် ကားမောင်းသူအား ဖမ်းဆီးရမိထားကြောင်း သိရသည်။

ထိုကျောင်းသူ၂ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ABNမှဆက်လက်စုံစမ်းလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ