Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင်ရေနစ်သေဆုံးသည့် ကျောင်းသား ၃ ဦးထဲမှ ၂ ဦးအလောင်းကို သင်္ဂြိုလ်ပြီးစီး

စစ်တွေတွင် ရေနစ်သေဆုံးခဲ့သည့် ၄ တန်းကျောင်းသား ၃ ဦးအနက် ၂ ဦး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်တစ်ဦး၏ အလောင်းကိုမူ ရှာဖွေ၍ မတွေ့ရှိသေးပေ။

ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်း ၂ ခုကို ယနေ့ ညနေ ၅ နာရီခန့်က သင်္ဂြိုလ်ပြီးစီးခဲ့သည်။

သင်္ဂြိုလ်ပြီးစီးခဲ့သည့် ရုပ်အလောင်း ၂ ခုမှာ မောင်ဇွဲဘုန်းခန့် အသက် ၁၁ နှစ်နှင့် မောင်ဟိန်းထက်ဝင်းနိုင် အသက် ၁၁ နှစ်တို့ ဖြစ်ကြသည်။

ကျန်ရှိနေသေးသည့် မောင်အောင်လင်းသူ၏ ရုပ်အလောင်းကိုမူ စစ်တွေတွင် လေပြင်းမုန်တိုင်း တိုက်ခတ်နေ၍ ဆက်လက်ရှာဖွေရန် အခက်အခဲ ဖြစ်လျက်ရှိသည်။

ထိုကလေးငယ် ၃ ဦးသည် အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လည်အချိန်ခန့်တွင် စစ်တွေပွိုင့်ကမ်းခြေ၌ ရေကစားရင်း ရေနစ် သေဆုံးခြင်းဖြစ်ကြောင်း The Bay Bar မှ CCTV မှတ်တမ်းဖိုင်အရ သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ