စစ်တွေတွင် အောက်တိုဘာလ ၂၂ ရက်နေ့က ပျောက်ဆုံးသွားသည့် ကလေးသုံးယောက်ထဲမှ နောက်ဆုံးကျန်နေခဲ့သည့် မောင်အောင်လင်းသူ၏ ရုပ်အလောင်းကို ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရှာဖွယ်တွေ့ရှိခဲ့သည်။
မောင်အောင်လင်းသူ၏ ရုပ်အလောင်းကို ကျေးတောပိုက်ဆိပ် အနီး ၁၁ နာရီ ၅၇ မိနစ်ခန့်က ရွှေရောင်မေတ္တာ လူမှုကယ်ဆယ်ရေး ဖောင်ဒေးရှင်းမှ တွေ့ရှိခဲ့ ခြင်းဖြစ်ပြီး စစ်တွေဆေးရုံကြီးသို့ ယူဆောင်သွားပြီဖြစ်ကြောင်း သိရှိရသည်။
