Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေဆီတန်းမီးလောင်းရာတွင် အမျိုးသားတစ်ဦး ဒဏ်ရာရရှိ၊ ဆေးရုံတင်ထားရ

ABN-ရှိုင်းမိုး

ရခိုင်ပြည် စစ်တွေမြို့ စက်ရုံစုရက်ကွက်ရှိ ဦး‌အေးကျော်ပိုင်ဆိုင်သည့် စက်သုံးဆီဆိုင်တန်းမီးလောင်ရာတွင် အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

ဒဏ်ရာရရှိသွားသူမှာ စစ်တွေမြို့ လမ်းမတော်မြောက် ကျေးပင်တန်းရပ်ကွက်မှ အသက် ၄၆နှစ်အရွယ် ဦးမောင်ခင်လှဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသွားသော ဦးမောင်ခင်လှကို မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ အမှတ် ( ၁ ) အရေးပေါ်လူနာတင်ယာဥ်ဖြင့် စစ်တွေပြည်သူ့ဆေးရုံးကြီးသို့ ပိုဆောင်ထားသည်ဟု သိရသည်။

အဆိုပါဖြစ်စဥ်မှာ ယနေ့ နေလည့် ၁၁နာရီ မိနစ် ၄၀ခန့်အချိန်တွင် ဆီးသိုလှောင်ရုံထဲမှ ဆီဗူး၁ဗူးမှ လျှပ်စစ်မီး ဝါယာရှော့ဖြစ်ရာမှ မီးစတင်လောင်ပြီး ၁၂နာရီ ၃၀အချိန်တွင် မီးငြိမ်းသတ်နိုင်ကြောင်းမေတ္တာရောင်ခြည်ဖောင်းဒေးရှင်းမှ သိရသည်။

“ ဒဏ်ရာရသွားတာက တစ်ယောက်ထဲပါ၊ တခြားဒဏ်ရာရသွားတဲ့လူတော့မရှိပါဘူး၊ နောက်ပြီး ဆီသိုလှောင်ရုံထဲက ဆီဗူးတွေပါသွားပါတယ် ၊ မီးကတော့ တခြားဖက်တွေမကူးလိုက်ဘူး။ ကျွန်တော်တို့နှင့် မီးသတ်ဦးစီးဌာနက မီးငြိမ်းလိုက်နိုင်ပါတယ်” ဟု မေတ္တာရောင်ခြည်ဖောင်းဒေးရှင်းက ပြောသည်။

မတ်လ ၂ရက်နေ့ နေလည့် ၂နာရီခန့်အချိန်တွင် မြောက်ဦးမြို့နယ် အောက်သကန်ရွာမှ ဒေါ်ဝေကျန်နု၏ နေအိမ်မီးလောင်ကျွမ်းမှုဖြစ်ခဲ့သည်။

မတ်လ ၃ရက်နေ့ ညဥ့် ၂နာရီကျော်အချိန်ခန့်တွင်လည်း ရသေ့တောင်မြို့ အ‌ရှေ့မြောက်ရပ်ကွက်တွင် နေအိမ် ၄လုံးမီးလောင်းကျွမ်းသွားကြောင်းသိရသည်။

ဓာတ်ပုံ-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ