Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်​တွေကမ်းခြေတွင် ၁ရက်ကျော်ကြာ ပျောက်ဆုံးနေသော ကျောင်းအုပ်ဆရာကြီးရုပ်လောင်းပြန်တွေ့

ABN-ရှိုင်းမိုး

ဇွန် ၄ ရက်

စစ်တွေကမ်းခြေတွင် ၁ရက်ကျော်ကြာ ပျောက်ဆုံးနေသော ကျောင်းအုပ်ဆရာကြီးအလောင်းကို ယနေ့ ညနေပိုင်းက ပြန်လည်တွေ့ရှိခဲ့သည်ဟု မေတ္တာရောင်ခြည်ဖောင်ဒေရှင်းမှ တဆင့်သိရသည်။

ပျောက်ဆုံးနေသော ကျောင်းအုပ်ဆရာကြီးသည် စစ်တွေ အစိုးရနည်းပညာကျောင်းမှ အသက် ၄၅နှစ်အရွယ် ဦးသိန်းနိုင်ဖြစ်သည်။

ထိုအလောင်းကို စစ်တွေမြို့ ဘာဆာရွာအနောက်ဖက် စစ်တွေဟိုတည်၏ အနောက်တောင်ဖက် ၃မိုင်အကွာတွင်ပြန်လည်တွေ့ရှိခဲ့သည်။

ထိုကျောင်းအုပ်ဆရာကြီးသည် ဇွန်လ ၂ရက်နေ့ နေ့လယ်ပိုင်းက ၎င်းစီးနင်းလာသော ဆိုင်ကယ်ကို ကမ်းစပ်နားတွင်ထားခဲ့ပြီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ