Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တပ်က တပ်စွဲထားသည့် မြောက်ဦးမြို့ အနီးရှိသည့် ရွှေတောင်တွင် မီးလောင်မှုဖြစ်ပွား၊ မီးငြိမ်းသတ်ရန်အတွက် ရွာသားများ တောင်ပေါ်သို့မတတ်ရဟု စစ်ကောင်စီတားမြစ်ထား

စစ်တပ်က တပ်စွဲထားသည့် မြောက်ဦးမြို့ အနီးရှိသည့် ရွှေတောင်တွင် မီးလောင်မှုဖြစ်ပွား၊ မီးငြိမ်းသတ်ရန်အတွက် ရွာသားများ တောင်ပေါ်သို့မတတ်ရဟု စစ်ကောင်စီတားမြစ်ထား

ABN-ရှိုင်းမိုး

ယနေ့ နေလည်ပိုင်းအချိန်တွင် မြောက်ဦးမြို့ အနီးရှိ စစ်ကောင်စီတပ် တပ်စွဲနေရာယူထားသည့် ရွှေတောင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

ထိုမီးလောင်မှုသည် တောင်ပေါ်တွင်ဖြစ်ပွားနေသောကြောင့် မီးသတ်ကားများ မီးငြိမ်းရန်လာကြသော်လည်း တောင်ပေါ်သို့ မီးငြှိမ်းသတ်နိုင်မှုမရှိခဲ့သောကြောင့် ညနေ ၉နာရီအချိန် အထိ မီးဆက်လက်လောင်နေကြောင်းသိရသည်။

“ ဘယ်ကနေပြီးစလောင်လာမှန်းတော့မသိပါဘူး၊ အချိန်ကတော့ နေလည့်ပိုင်းကလောင်းတာပါ၊ မီးသတ်ကြတယ်၊ ဒါပေမယ့် ပိုက်က တောင်ထက်ကိုအထိမ‌ရောက်ပါဘူး၊ ဒါကြောင့် မီးမငြိမ်နိုင်သေးပါဘူး၊ အခုလည်းလောင်းနေပါသေးတယ်” ဟု မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

ညဥ့် ၉နာရီကျော်ထိ မီးမငြိမ်နိုင်သောကြောင့် မီးကူးလာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

“ မီးလောင်နေတဲ့အခြေနေက အတော်ဆိုးလာပါတယ်၊ တောင်အောက်မှာလည်း အိမ်တွေ ဆိုင်တွေ ဟိုတည်တွေရှိပါတယ်၊ တောင်ပေါ်ကိုလည်း စစ်သားတွေမတတ်ရဘူး၊ မိုင်းပေါက်သံတွေလည်း ကြားရပါတယ်၊ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး” ‌ရပ်ကွက်တွင်းနေထိုင်သူတစ်ဦးကဆိုသည်။

ရွှေဝောာင်မှာ မြောက်ဦးရှိ သမိုင်းဝင်စေတီတစ်ဆူဖြစ်ပြီး မြန်မာစစ်တပ်မှ ထိုတောင်ပေါ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ နေထိုင်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ