သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကော်မရှင် သင်္ဘောများ လှုပ်ရှားနေမှုကြောင့်ပုဏ္ဏားကျွန်း ဒေသခံများ စစ်ဘေး တိမ်းရှောင်
စစ်ကော်မရှင် သင်္ဘောများ လှုပ်ရှားနေမှုကြောင့်
ပုဏ္ဏားကျွန်း ဒေသခံများ စစ်ဘေး တိမ်းရှောင်

AB News – သြဂုတ် ၂၀၊ ၂၀၂၅
နွယ်စိုး

စစ်ကော်မရှင်တပ်၏ လက်နက်ကြီးပစ်ခတ်မှုအန္တရာယ်နှင့် ပင်လယ်ပြင်တွင် စစ်သင်္ဘောများ ရောက်ရှိနေသည့်သတင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ဘေးရှောင်ရသည့် ကျေးရွာများတွင် တန်ပတ်လှန်း၊ ပဒေသာ၊ ဆင်အင်းကြီး၊ ဒီပါရုံ၊ ကွမ်းတောင်၊ ငှက်ကြီးကျွန်းနှင့် အလယ်ကျွန်းတို့ ပါဝင်ကြောင်း သိရသည်။

” စစ်တွေက လက်နက်ကြီးတွေ ပစ်ခတ်တာတွေရှိတယ်။လေကြောင်းအန္တရာယ်တွေကိုလည်း စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်။ နောက်ပြီး စစ်တွေပင်လယ်ပြင်မှာ စစ်သင်္ဘောတွေ စတင်လှုပ်ရှားနေတဲ့သတင်းကြားလို့ စစ်ဘေးရှောင်တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အ​ပြင် အခြားဒေသခံတစ်ဦးကလည်း “စစ်တွေနဲ့ နီးတော့ လက်နက်ကြီးတွေ ထိမှာကို ကြောက်ရတယ်။ စစ်ကြောင်းတွေလည်း အသွားအလာများလာလို့ ထွက်ပြေးလာကြရတာ” ဟု ဆိုသည်။

ပုဏ္ဏားကျွန်းမြို့သည် စစ်ကော်မရှင် နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများပြင်းထန်နေသည့် စစ်တွေမြို့နှင့် နီးကပ်စွာတည်ရှိသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် AA က ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၄ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သော်လည်း ဒေသခံများသည် မြို့ထဲသို့ ပြန်လည်ဝင်ရောက်ခွင့် မရရှိကြသေးပေ။

လက်ရှိတွင် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် နှစ်ဖက်အကြား စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေပြီး မကြာခဏ အပြန်အလှန် ပစ်ခတ်မှုများလည်း ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ