Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ ရခိုင်ပြည်ဝန်ကြီးချုပ် ခရီးစဥ်အတွက် စစ်တွေမြို့နယ်ရှိ မူဆလင် IDP Campများမှ ဒုက္ခသည်များကို အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုရှိခဲ့

ABN-ရှိုင်းမိုး

စက်တင်ဘာ ၁၄ရက်

စက်တင်ဘာလ ၁၁ ရက်နေ့တွင် ရခိုင်ပြည် ဝန်ကြီးချုပ် ထိန်လင်း ခရီးစဥ်ရှိခဲ့သည့်အတွက် စစ်တွေမြို့နယ်ရှိ မူဆလင် IDP camp စခန်းများထဲမှ ဒုက္ခသည်များကို လမ်းများပြုပြင်ရန် အတင်းအဓမ္မစေခိုင်းမှုရှိခဲ့ကြောင်းစုံစမ်းသိရှိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၆နာရီမှ ၈ နာရီအထိ IDP Camp စခန်းထဲများတွင်ရှိသည့် လမ်းများကို သန့်ရှင်ရေးများပြုလုပ်စေခြင်း၊ ပျက်စီးနေသည့် လမ်းချိုင့်ခွက်များတွင် သဲထည့်၍ ဖုံးဖိစေခြင်း စသည့်အလုပ်များကို ညတွင်းချင်းအပြီး လုပ်စေခိုင်းခဲ့သည်ဟု သိရသည်။

အဆိုပါ စခန်းများမှာ စစ်တွေမြို့နယ်ရှိ ဆေးသမားကြီး၊ ဖွဲရာကုန်း၊ ဘောဒူမ၊ အုန်းတောချေ ၊ အုန်းတောကြီးနှင့် ခေါဒုက်ကာ ကယ်ဆယ်ရေးစခန်းများဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီမှ ဆေးသမားကြီးအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့် ဘောဒူဖ အုပ်ချုပ်ရေးမှူး ဦးစိုးလှ (ခ) ရော်ဖိက်တို့ကိုခေါ်ပြောပြီး ထိုအုပ်ချုပ်ရေးမှူး ၂ဦးမှ တစ်ဆင့် ဒုက္ခသည်များကို စေခိုင်းခဲ့ကြောင်း သိရသည်။

ထို အုပ်ချုပ်ရေးမှူး ၂ဦးမှ စခန်းထဲမှ တစ်အိမ်တစ်ယောက်ကျ လုပ်ရမည်ပြောပြီး လူမရှိပါက လူတစ်ယောက်ကိုယ်စား လုပ်အားခ တစ်သောင်းအထိ ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း မူဆလင် ဒုက္ခသည်များက ပြောသည်။

ဒုက္ခသည် စခန်းများထဲရှိ မိသားစုဝင်များမှာ အိမ်ထောင်ဦးစီးမရှိဘဲ ကလေးတစ်ဖက်နဲ့အလုပ်လုပ်ကိုင်စားသောက်နေရသည့် အမျိုးသမီးများအတွက် လူတစ်ဦးအတွက် လုပ်အားခ ၁၀၀၀၀ ကျပ်ပေးရန် လုံးဝအဆင်မပြေကြောင်း ဆေးသမားကြီး IDP ကမ့်မှ အမျိုးသမီးတစ်ဦးကပြောသည်။

“လုပ်အားခ တစ်သောင်းပေးရမယ်တဲ့၊ ကျွန်မမှာ လင်ယောက်ကျားမရှိတော့ဘူး၊ ကလေးငယ်တွေနဲ့လုပ်စားနေတာ၊ အဲဒီကြားထဲ လူတစ်ယောက်လုပ်အားခပေးဖို့ဘယ်လိုဖြစ်နိုင်မှာလဲ၊ မလုပ်ချင်လို့မလုပ်တာမဟုတ်ဘူး၊ အဆင်မပြေလို့မလုပ်တာ၊ ကျမ တစ်နေကုန် အပြင်မှာ အလုပ်လုပ်နေရတယ်၊ အိမ်ကိုရောက်ရင် အိမ်မှုကိစ္စလည်းအကုန်လုပ်ရတယ်၊ ကလေးကနိုးတစ်ဖက်နဲ့၊ သူတို့ခိုင်းတဲ့အချိန်ကလည်း ကျွန်မတို့လုံးဝလုပ်ပေးလို့မရတဲ့အချိန်ဖြစ်နေတယ်၊ ဒါကိုလုပ်အားခပေးရတယ်” ဟုဆိုသည်။

ကယ်ဆယ်ရေးစခန်းတွင် တစ်အိမ်တစ်ယောက်ကျ လုပ်အားပေး၍ စေခိုင်းခြင်းသည် ရိုးရိုးသာမန်အခြေအနေအရကောင်းသော်လည်း လုပ်မပေးနိုင်သည့်​သူများအတွက် ဒဏ်ငွေပေးရခြင်းက စစ်ကောင်စီအနေနဲ့ ပြည်သူကို လုံးဝဖိနှိပ်ခြင်းဖြစ်ကြောင်း အုန်းတောကြီးကယ်ဆယ်ရေးမှ အမျိုးသားတစ်ဦးကပြောသည်။

“စခန်းထဲက အမှိုက်ကိုရှင်းခိုင်းတာတွေ ရေအိုင်တွေကို သဲဖုံးခိုင်းတာတွေက ကောင်းတယ်၊ ဒါပေမယ့် တစ်အိမ်တစ်ယောက်ကျ မလာနိုင်ရင် ပိုက်ဆံပေးရမယ်ဆိုတာ ဘယ်လိုမှ အဆင်မပြေဘူး၊ ကယ်ဆယ်ရေးမှာနေကြတာ အိမ်ထောင်ဦးစီးဖြစ်တဲ့သူက မရှိဘူးဆိုရင် အဲဒီအိမ်ရဲ့ အခြေနေကို သွားကြည့်စရာမလိုဘူး၊ အဲဒါကို လျော်ကြေးပေးရမယ်ဆိုတော့ ဒါက သက်သက် အနိုင်ကျင့်တာ၊ ပိုက်ဆံ ၁၀၀၀၀ ရဖို့အတွက် အမျိုးသမီးတစ်ယောက်က တစ်ရက်လုံး နေပူမရှောင်၊ မိုးရွာမရှောင် လုပ်မှရတာ၊ အိမ်ရောက်ရင် သားသမီးတွေစားရေးသောက်ရေးရှိသေးတယ်၊ ကိုယ်ချင်းစာတတ်ဖို့လိုပါတယ်”ဟုဆိုသည်။

ထို IDP Camp များကို စက်တင်ဘာလ ၁၁ ရက်နေ့က ရခိုင်ပြည်ဝန်ကြီးချုပ် ထိန်လင်း အပါဝင် အရာရှိများလည်း ရောက်လာခဲ့သည်ဟုသိရသည်။

ဓာတ်ပုံ-IDP Camp တွင် စကစဝန်ကြီး မလာမည် ညဖက် ဒုက္ခသည်များ အလုပ်လုပ်နေကြရသည့်မြင်ကွင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ