သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ ကြည်း၊ရေ၊လေ အသုံးပြု ပစ်ခတ်မှုကြောင့် ပေါက်တောမြို့ရှိ နေအိမ် ၅၅၄ ဆောင် ပျက်စီးဆုံးရှုံး

AB News- ဇန်နဝါရီ ၂၉၊ ၂၀၂၄

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ ပေါက်တောမြို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်ကြား စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ပြည်သူများအား ဦးတည်၍ ကြည်း၊ရေ၊လေ အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နေအိမ် ၅၅၄ ဆောင် ပျက်စီးဆုံးရှုံး သွားခဲ့သည်ဟု သိရှိရပါသည်။

ပေါက်တောမြို့ ရပ်ကွက် (၁) တွင် အိမ်ခြေ (၁၀) ဆောင်၊ ရပ်ကွက် (၂) တွင် အိမ်ခြေ (၁၀၉) ဆောင်၊ ရပ်ကွက် (၃) တွင် အိမ်ခြေ အဆောင် (၃၀၀) ၊ ရပ်ကွက် (၄) တွင် နေအိမ် (၁၂၈) ဆောင် နှင့် ရပ်ကွက် (၅) တွင် လူနေအိမ် (၇) ဆောင် ပျက်စီးဆုံးရှုံး သွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

စစ်ကောင်စီသည် ပေါက်တောမြို့ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ကြည်း၊ရေ၊လေ အသုံးပြု ဖျက်ဆီးခဲ့ပြီး ယခုတွင်လည်း ရမ်းဗြဲမြို့အား ကြည်း၊ရေ၊လေ အသုံးပြု ပစ်ခတ်တိုက်ခိုက်သည့်အပြင် စစ်ပွဲအတွင်းမှာပင် အသုံးပြုမှု ပိတ်ပင်ထားသည့် ဓာတုဓာတ်ငွေ့ အဆိပ်ဗုံးများကို အသုံးပြု၍ ပြည်သူများကို တိုက်ခိုက်နေသည်။ နေအိမ်အများအပြား မီးလောင်ပျက်စီးသွားပြီး၊ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင့် သိရှိရပြီး အသေးစိတ်အချက်အလက်များကို AB News မှ ကြိုးစားစုံစမ်းလျက်ရှိသည်။

ABN Website:
https://www.arakanbaynews.com

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ