Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ရသော မြန်မာပြည်သူလူထု၏ နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည် မဟုတ် ဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်

စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ရသော မြန်မာပြည်သူလူထု၏ နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည် မဟုတ် ဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်

AB News – ဒီဇင်ဘာ ၁၃၊ ၂၀၂၃

ခေတ်အဆက်ဆက်၌ စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်အား မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ရသော မြန်မာပြည်သူလူထု၏ နိုင်ငံရေး ရည်မှန်းချက်များကို မည်သည့်ခါမှ လျစ်လျူရှုသွားမည် မဟုတ် ဟု အာဏာရှင်စနစ် အမြစ်ပြတ်ရေး စစ်ဆင်ရေးတွင် တိုက်ပွဲဝင်နေကြသော ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်က ထုတ်ပြန်ခဲ့သည်။

တစ်ဖွဲ့၏ရည်မှန်းချက်သည် ၃ ဖွဲ့စလုံး၏ ရည်မှန်းချက်ဖြစ်သော်လည်း အလုံးစုံသောရည်မှန်းချက်များအား ဆက်လက်ထိန်းသိမ်းထားရန်လိုအပ်နေသေးကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုသည်။

ထုတ်ပြန်ချက်တွင် “စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ကြရသော မြန်မာပြည်သူ လူထုတစ်ရပ်လုံးမှ မျှော်လင့်တောင့်တနေသည့် နိုင်ငံရေးရည်မှန်းချက်များကို မိမိတို့အနေဖြင့် မည်သည့်အခါမှ လျစ်လျူရှု သွားမည် မဟုတ်သည့်အပြင် နောက်လှည့်၍သွားမည့်သူများ မဟုတ်ကြောင်း အသိပေးလိုက်ပါသည်” ဟု ရေးသားထားသည်။

စစ်ကောင်စီ၏မတရားအကြမ်းဖက်ကျူးလွန်မှုများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအား ရည်ရွက်ချက်ရှိရှိ ပစ်သတ်ခြင်းများ၊ အချိန်မတော် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများ၊ လူနေအိမ်များသို့ ဝင်ရောက်မီးရှို့ခြင်းများ၊ အပြစ်မဲ့ပြည်သူများအား ဓားစာခံထားရှိခြင်းအပါအဝင် ဖမ်းဆီးထောင်ချခြင်းများ နေ့စဥ်ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။

ထို့အပြင် စစ်ရေးအရ အရေးပါသော တပ်စခန်းကြီးများနှင့် စီးပွားရေးအရ အချက်အချာကျသော နေရာများကို လက်လွှတ်ဆုံးရှုံး လိုက်ရသည့် စစ်ကောင်စီသည် အရပ်သားပြည်သူများကို အဓိကဦးတည်ပစ်မှတ်ထားတိုက်ခိုက်နခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အပြစ်မဲ့အရပ်သားပြည်သူများအား နေ့စဉ်ရက်ဆက် ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ၊ ကုန်းလမ်းရေလမ်း ဖြတ်တောက်ကာ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ခြင်းနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ တို့နှင့် ဆက်စပ်သည်ဟူသော သံသယ၊ စွပ်စွဲချက်များနှင့် အရပ်သားပြည်သူများအား လိုက်လံရှာဖွေဖမ်းဆီးခြင်းများကို ယခုလအတွင်းစစ်ကောင်စီသည် စစ်ရေးအရ တုံ့ပြန်မှု အနေဖြင့် ပြည်သူကို ဒဏ်ခတ်သည့်သဘောမျိုး လုပ်ဆောင်လာနေသည်ကိုလည်း နေရာများစွာတွင်တွေ့နေရကြောင်း ဆိုထားသည်။

၎င်းကိစ္စများအား ကျူးလွန်သူ အကြမ်းဖက် စစ်ကောင်စီအဖွဲ့များကို အမြစ်ပြတ် လက်တုန့်ပြန်သွားမည်ဟု မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မပြီးမြောက်သေးသည့် တစ်နိုင်ငံလုံးအတိုင်းအတာ တော်လှန်ရေးခရီးပန်းတိုင်နှင့် သက်ဆိုင်ရာလူမျိုးနှင့် ဒေသတို့၏ အန္တိမပန်းတိုင်သို့ ရက္ခိုင့်တပ်တော်နှင့်အတူ တက်လှမ်းသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် PSLF/TNLA နှင့် MNTJP/MNDAA ဆို