Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ၏ စစ်သင်္ဘော ၃ စင်းကို ရက္ခိုင့်တပ်တော်က နစ်မြုပ်အောင် တိုက်ခိုက်

စစ်ကောင်စီ၏ စစ်သင်္ဘော ၃ စင်းကို ရက္ခိုင့်တပ်တော်က နစ်မြုပ်အောင် တိုက်ခိုက်

AB News – ဖေဖော်ဝါရီလ ၈၊ ၂၀၂၄

စစ်ကောင်စီ၏ တိုက်ခိုက်ရေး စစ်သင်္ဘော ၃ စင်းကို ရက္ခိုင့်တပ်တော်က နစ်မြုပ်အောင် တိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၈ရက်၊ ညဥ့် ၁၂နာရီ၊ ၉မိနစ်အချိန်တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် “ရက္ခိုင်ဒေသတွင်  စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ရက္ခိုင့်တပ်တော်မှ ချေမှုန်းနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ (၇/၈) ရက်များတွင် စစ်ကောင်စီ၏ ရေတပ်ကို ရက္ခိုင့်တပ်တော်မှ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ မြစ်အတွင်းမှ တိုက်ခိုက်ရေးစစ်သင်္ဘော (၃) စင်းကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်သကဲ့သို့ အခြားစစ်သင်္ဘောတစ်စီးကိုလည်း ထိခိုက်ပျက်စီးအောင် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်” ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်၏ မှတ်တမ်းများအရ ၂၀၂၄ ခုနှစ်အတွင်းတွင် စစ်ကောင်စီ၏စစ်သင်္ဘော (၇) စီးခန့်ကို သွားလာ၍မရနိုင်အောင်နှင့် မြစ်အတွင်းရေချ၍မရနိုင်အောင် ပြုလုပ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

 စစ်ကောင်စီ၏ကမ်းထိုးယာဉ်နှင့် Navy  စုစုပေါင်း (၃) စီးတို့ကို ရက္ခိုင့်တပ်တော်မှ ရက္ခိုင်ပင်လယ်ပြင်ထက်တွင် အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည့်အပြင် လက်နက်ချအညံ့ခံရန် ပြောထားသော်လည်း နားထောင်ခြင်းမရှိသည့် စစ်သင်္ဘောများပေါ်မှ ထွက်ပြေးနေသော ရန်သူများကိုလည်း မြစ်ကြောင်းအတွင်း တစ်ယောက်မကျန် လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း အသိပေး ထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့သည် ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ရန်သူအား ပင်လယ်ပြင်ထက်တွင် အောင်ပွဲကိုရေးထိုးနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ပြီး စစ်ကောင်စီရေတပ်မှ စစ်သင်္ဘောများကို အာရက္ခပင်လယ်ပြင်ထဲသို့ နစ်မြုပ်အောင် ကြံဆောင်နိုင်ခဲ့သောနေ့လည်းဖြစ်သည်ဟုထုတ်ပြန်ထားသည်။

ပင်လယ်ပြင်တိုက်ပွဲအတွင်း ပေးအပ်လာသောတာဝန်ကို ကျေပွန်စွာနှင့် တိကျစွာထမ်းရွက်ပေးခဲ့ကြသော အာရက္ခစစ်သည်တော်များကို လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်ကြောင်း ညီနောင်သုံးဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ