Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ၏ စစ်သင်္ဘောက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး မင်းပြားမြို့အနီး ကျေးရွာအချို့ မီးလောင်နေ

စစ်ကောင်စီ၏ စစ်သင်္ဘောက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး မင်းပြားမြို့အနီး ကျေးရွာအချို့ မီးလောင်နေ

AB News – ဖေဖော်ဝါရီလ ၉၊ ၂၀၂၄

စစ်ကောင်စီ၏ စစ်သင်္ဘောက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး မင်းပြားမြို့အနီး ကျေးရွာအချို့ မီးလောင်နေကြောင်း AB News မှ စုံစမ်းသိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၉ရက်၊ ၁၀နာရီကျော်အချိန်မှ စတင်ကာ ယခု နေ့လည် ၁နာရီ အချိန်ထိ စစ်ကောင်စီ၏ စစ်သင်္ဘောက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ မင်းပြားမြို့အနီး ကျေးရွာအချို့ မီးလောင်နေသည်ဟု အမည်မဖော်လိုသည့် မျက်မြင်သက်သေ ၁ဦးက ပြောသည်။

“ဒီနေ့ တစ်မနက်လုံး စစ်ကောင်စီရဲ့ စစ်သင်္ဘောကနေပြီး မင်းပြားမြို့ကို ပစ်ခတ်နေတယ်။ မနက် ၁၀နာရီကျော်အချိန်မှာ မင်းပြားမြို့အနီးက ကျေးရွာတွေ မီးလောင်နေတာကို မြင်နေရတယ်။ လက်နက်ကြီးထိမှန်ပြီး မီးလောင်နေတာ ငတန်ပျင်းရွာဖြစ်နိုင်တယ်” ဟု ဆိုသည်။

ယခု မင်းပြားမြို့နှင့် ကျေးရွာအချို့ကို ပစ်ခတ်နေသည့် စစ်ကောင်စီ၏ စစ်င်္ဘောသည် မင်းပြားမြို့နှင့် ပေါက်တောမြို့ကြားရှိ စွန်ရဲကျေးရွာအနီးတွင် သောင်တင်နေပြီး ရက္ခိုင့်တပ်တော်မှ လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်ပြီး ရမ်းသမ်းပစ်ခတ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီ၏ တိုက်ခိုက်ရေး စစ်သင်္ဘော ၃ စင်းကို ရက္ခိုင့်တပ်တော်က နစ်မြုပ်အောင် တိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၉ ရက်၊ ညည့် ၁၂နာရီ၊ ၉မိနစ်အချိန်တွင် ထုတ်ပြန်ခဲ့သည်။

ရက္ခိုင့်တပ်တော်၏ မှတ်တမ်းများအရ ၂၀၂၄ ခုနှစ်အတွင်းတွင် စစ်ကောင်စီ၏စစ်သင်္ဘော (၇) စီးခန့်ကို သွားလာ၍မရနိုင်အောင်နှင့် မြစ်အတွင်းရေချ၍မရနိုင်အောင် ပြုလုပ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ကမ်းထိုးယာဉ်နှင့် Navy  စုစုပေါင်း (၃) စီးတို့ကို ရက္ခိုင့်တပ်တော်မှ ရက္ခိုင်ပင်လယ်ပြင်ထက်တွင် အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည့်အပြင် လက်နက်ချအညံ့ခံရန် ပြောထားသော်လည်း နားထောင်ခြင်းမရှိသည့် စစ်သင်္ဘောများပေါ်မှ ထွက်ပြေးနေသော ရန်သူများကိုလည်း မြစ်ကြောင်းအတွင်း တစ်ယောက်မကျန် လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း အသိပေး ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီအဖွဲ့ စစ်သင်္ဘောများသည် ရက္ခိုင်ပြည် မြစ်ကြောင်း တောက်လျောက်သွားလာရာ၌ မြစ်ကြောင်းအနီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးလေ့ ရှိသည်ကိုတွေ့ရသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ