Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ၏ကြည်း၊ရေ၊လေ ပိတ်ဆို့တိုက်ခိုက်မှုကြားက ရမ်းဗြဲမြို့ကို AA အပြီးသတ် သိမ်းပိုက်

စစ်ကောင်စီ၏ကြည်း၊ရေ၊လေ ပိတ်ဆို့တိုက်ခိုက်မှုကြားက ရမ်းဗြဲမြို့ကို AA အပြီးသတ် သိမ်းပိုက်

AB News – မတ်လ ၁၁ ၊ ၂၀၂၄

စစ်ကောင်စီ၏ကြည်း၊ရေ၊လေ ပိတ်ဆို့တိုက်ခိုက်မှုကြားက ရမ်းဗြဲမြို့ကို AA အပြီးသတ်သိမ်းပိုက်ထားပြီဖြစ်ကြောင်း AB News က စုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ယနေ့ နံနက် ၈ နာရီတွင် Y 12 ဗုံးကြဲလေယာဥ်၊ ဂျက်ဖိုက်တာတို့ဖြင့် ရမ်းဗြဲမြို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ရက္ခိုင့်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခုခံနိုင်စွမ်းမရှိတော့သည့်အတွက် ယနေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် လက်နက်ချထွက်ပြေးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“ရမ်းဗြဲမြို့ကို AA က သိမ်းပိုက်လိုက်ပါပြီ။ စကစတပ်သားတွေမရှိတော့ဘူး။ လက်နက်ချထွက်ပြေးတဲ့သူတွေရှိတယ်။ AA ကအကုန်လုံးနေရာယူသွားပါပြီ” ဟု ဆိုသည်။

စစ်ကောင်စီအဖွဲ့သည် ရမ်းဗြဲမြို့ကို ကြည်း၊ရေ၊လေ ပူပေါင်းပြီး အသည်းအသန်ခုခံတိုက်ခိုက်ခဲ့သည့်အတွက် မြို့ပေါ်ရပ်ကွက်ရှိအိမ်ခြေအများအပြား ပျက်စီးခဲ့ရသည်။

ထို့အပြင် စစ်ကောင်စီက Y-12 ဖြင့် ဗုံးကြဲတိုက်ခိုက်စဥ်အတွင်း င/ပြီချောင်းရွာမှ ဒေါ်မအုံးရွှေ၏ ညာဖက်ခြေထောက်၌ လက်နက်ကျည်ဆံထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့မတ်လ ၁၀ ရက် နေ့ကလည်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့၂ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည့်အတွက် စစ်ကောင်စီဖက်မှ စစ်ရဟတ်ယာဥ် ၃ မျိုးဖြင့်အကြိမ်ရေ ၂၀ ကျော် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် ရမ်းဗြဲ၊ ပေါက်တော၊ မင်းပြား၊ ပလက်ဝ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မအီ မြို့များကို အပြီးသတ်သိမ်းပိုက်ထားပြီး ကျန်ရှိသည့်မြို့များကိုလည်း နေ့စဥ်နှင့်အမျှမရပ်မနားဘဲ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ဓာတ်ပုံ-ပုဏ္ဏားကျွန်းကို AA ရပြီးနောက် မှတ်တမ်းပုံ

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ