Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအဖွဲ့ ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ပေါက်တောမှ အရပ်သားပြည်သူ ၁၀ဦး ကျော်ထဲမှ ၅ ဦးပြန်လွတ်လာဟု သိရ

AB News – ဒီဇင်ဘာ ၂၄၊ ၂၀၂၃

စစ်တွေမြို့ ရေတပ်နေဗီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားခဲ့ရသော အရပ်သားပြည်သူ ၁၀ ဦးကျော်ထဲမှ ၅ ဦးပြန်လည် လွတ်မြောက်လာကြောင်း AB News မှ သိရသည်။

လွတ်မြောက်လာသူများမှာ ပေါက်တောမြို့နယ် တောင်ချောင်ရွာမှ အဖ ဦးမောင်ငယ်ချေ၏သမီး အသက် ၂၁ နှစ်အရွယ် မမိုးနွယ်ဆန်း နှင့် ဦးညီပုချေ၏သမီး ၂၅ နှစ်အရွယ်မမြတ်သူဇာ ၊ မြောက်ပြင်ရွာမှ မ ချစ်မြတ်နွယ်အပါအဝင် ရွာနာမည်မသိရသေးသော မအေးအေးနွယ်နှင့် အမျိုးသားတစ်ဦးတို့ဖြစ်သည်။

၎င်းတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၂ မိနစ်တွင် စစ်တွေမြို့အမှတ် ( ၁) ရဲစခန်းမှ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လွတ်မြောက်လာသူထဲတွင် အမျိုးသမီး ၄ ဦး ၊အမျိုးသား တစ်ဦးတို့ ဖြစ်သည်​။

၎င်းတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီ အချိန်တွင် စစ်တွေဖက်ကမ်းမှ ပေါက်တောနယ်သို့ စက်လှေ ၁ စီးအပါအဝင် စက်တပ်သမ္ဗာန် ၃ စီးဖြင့်ထွက်လာခဲ့စဥ် ဝဖီးချပ်တောင် ( အပေါက်ချေဝ )အနီးရှိ စကစ ရေတပ်နေဗီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

ကျန်ရှိနေသော ဖမ်းဆီးခံအရပ်သားပြည်သူများမှာ စစ်တွေမြို့ အုန်းတပင်ရပ်ကွက်ရှိ အမှတ် ၂ ရဲစခန်းသို့ ​ရွှေ့ပြောင်းထိန်းသိမ်းခံထားရကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွှဲ ၂ နာရီတွင် ပေါက်တောမြို့နယ်ဖက်မှ စစ်တွေမြို့သို့ စက်လှေ ၁၆ စီးဖြင့် စျေးဝယ်ရန်လာသည့် ပြည်သူ ၅၃ ဦးကို ကိုးရီးယားဆိပ်ကမ်းအနီးတွင် ဗိုလ်မှူး ထိန်လင်း ဦးဆောင်သည့် စရယ ( ရန်ငြိမ်းအောင်) နေဗီက ဖမ်းဆီးသွားခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီကျော်အချိန်တွင် ၎င်းတို့အထဲမှ ၄ ဦးအား ပြန်လည်လွှတ်ပေးခဲ့ ၄၉ ဦး ကို ရုံးတင်စစ်ဆေးလျက်ရှိသည်ဟု သိရသည်။

အလားတူ ကျောက်တလုံး IDPဒုက္ခသည်စခန်းမှ မူဆလင် ၁၃ဦးအပါအဝင် ဂုံးချွိန်ရွာမှ ရက္ခိုင်ပြည်သူ ၈ ဦးတို့သည် ဒီဇင်ဘာလ ၁၇ရက်နေ့ နံနက်ပိုင်း ၇ နာရီတွင် ကျောက်ဖြူမြို့သို့ဟင်းသီးဟင်းရွက် များရောင်းရန် GTC အနီးမှ ဖြစ်သွားစဥ် လေယာဥ်ကွင်းအနီး၌ လုံခြုံရေးချထားသော စကစ အဖွဲ့မှ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အသက်မ​ပြည့်သေးသော ကျောင်းသူ ၂ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကာ ကျန်ရှိသောသူများအား ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဒေသန္တရဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ပြည်သူများကို မတရားဖမ်းဆီးမှု နေ့စဥ်ရက်ဆက်ပြုလုပ်လျက်ရှိကာ ပုဒ်မအမျိုးမျိုးတပ်ပြီး အရေးယူဆောင်ရွက်ခြင်းများပြုလုပ်လာသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ