Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအဖွဲ့ မြေပုံမြို့ကို ခြေကုတ်ယူရန်စီစဥ်နေဟု သတင်းများထွက်ပေါ်

AB News – ဒီဇင်ဘာ ၃၀၊ ၂၀၂၃

​မြေပုံမြို့နယ် တောင်ဖလာအခြေစိုက်တပ်ရင်းများက ယခုလအကုန်တွင် မြေပုံမြို့ကိုခြေကုတ်ရယူရန်စီစဥ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် မြို့ခံပြည်သူများမှာလည်း လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခံရမည်ကို စိုးရိမ်ထိတ်လန့်လျက်ရှိသည်ဟုသိရသည်။

စစ်​ကောင်စီအဖွဲ့က ယခုလကုန်ပိုင်းတွင် ပညာရေး ဝန်ထမ်းများအားလစာထုတ်ပေးပြီးနောက် မြို့ကို ခြေကုတ်ယူရန်စီစဥ်နေကြောင်း မြို့ခံတစ်ဦးက AB News သို့ ပြောသည်။

“သူတို့က ဒီလကုန်ရင် ပညာရေးဝန်ထမ်းတွေကို လက်စာထုတ်ပေးမယ်လို့ ပြောပါတယ်၊ ပြီးတော့ မြေပုံကို အခြေကုတ်ယူမယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်၊ ပြည်သူတွေလည်း စိုးရိမ်နေကြပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီအဖွဲ့၏ ခြေကုတ်ယူရန် သတင်းများထွက်ပေါ်မှုကြောင့် မြေပုံ မြို့ခံအချို့မှာ နီးစပ်ရာကျေးရွာများသို့ ယနေ့ ဒီဇင်ဘာ ၃၀ရက်နေ့တွင် ထွက်ပြေးနေကြကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် စစ်တွေ၊ ပေါက်တောမြို့ ၂ မြို့တွင်လည်း ၃ ထပ်အမြင့်ရှိတိုက်များပေါ်တွင် စနိုက်ဘာ သမားများဖြင့် နေရာယူထားသည်ကို တွေ့ရသည်။

လက်ရှိတွင်လည်း မြေပုံမြို့ကို အခြေကုတ်ယူရန် စီစဥ်နေသည်မှာ ပြည်သူများကို အဓိက ဦးတည်ပစ်ခတ်နိုင်သည့်အတွက် ဒေသခံပြည်သူများ အလွန်စိုးရိမ် ထိတ်လန့်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ