Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီး၊ လက်နက်ငယ်ကျည်ထိမှန်ပြီး မြောက်ဦးမြို့မှ ဘုန်းတော်ကြီး ၁ပါးနှင့် ကျောက်တော်မြို့နယ်မှအမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရ

AB News – ဒီဇင်ဘာ ၁၅၊ ၂၀၂၃

ရက္ခိုင်ပြည်တွင် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး မြောက်ဦးမြို့မှ ဘုန်းတော်ကြီး ၁ပါးနှင့် ၊ လက်နက်ငယ်ကျည်ထိမှန်ပြီးကျောက်တော်မြို့နယ်မှ အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ရက်၊ နေ့လည် ၃နာရီ ၂၀မိနစ်အချိန်တွင် မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မြောက်ဦးမြို့၊ ရွှေဂူတောင်ရပ်ကွက်၊ အောင်သ​ပြေတောရကျောင်းတိုက်မှ အရှင်အဂ္ဂသာမိ ၇၉နှစ်၏ ညာဘက်ပေါင်ရင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာလ ၂၇ရက်၊ ညဥ့်၁၀နာရီကျော်အချိန်တွင် စစ်ကောင်စီအဖွဲ့ ခမရ ၃၇၆ တပ်ရင်းမှ လက်နက်ငယ်ဖြင့် ပစ်ခတ်​သောကြောင့် ကျောက်တော်မြို့နယ်၊ ပြင်လှကျေးရွာမှ ဦးအောင်နိုင်ချေ ၃၅နှစ်၏ ဘယ်ဘက်လက်နှင့် ဘယ်ဘက်နံရိုးဘေးတွင် ကျည်ထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသောကြောင့် ရက္ခိုင်ပြည် မြို့နယ် အများအပြားတွင် သေဆုံးသူ ၄၀ ကျော်ထိရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ ၇၀ ကျော် ရှိလာနေကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ