Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်စ ထိမှန်ပြီး အမ်းဒေသခံ ၁ဦး ပြင်းထန်စွာ ဒဏ်ရာရ

စစ်ကောင်စီအဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်စ ထိမှန်ပြီး အမ်းဒေသခံ ၁ဦး ပြင်းထန်စွာ ဒဏ်ရာရ

AB News – ဒီဇင်ဘာ ၁၃၊ ၂၀၂၃

ရက္ခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီအဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်စ ထိမှန်ပြီး အထက်ရွာဟောင်းကျေးရွာမှ ကျေးရွာသား ၁ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိသူမှာ အမ်းမြို့နယ်၊ ကဇုကိုင်းတိုက်နယ်၊ အထက်ရွာဟောင်းကျေးရွာမှ ဦးမောင်ကြီး ၅၄နှစ်ဖြစ်သည်။

ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁နာရီကျော်အချိန်တွင် ကဇုကိုင်းအနီး တောဟိန်းတောင်တွင် အခြေစိုက်ထားသော စစ်ကောင်စီအဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်စ ထိမှန်ပြီး ဦးမောင်ကြီး၏ ဘယ်ဖက်တံတောင်ဆစ်တွင် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ ၁ဦးက ပြောသည်။

“ဒီနေ့ မနက် ၁၁နာရီဝန်းကျင် တောဟိန်းတောင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီအဖွဲ့က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်။ လက်နက်ကြီး ၁လုံးဟာ ဒါးလက်ကျောက်ဆင်ရွာရဲ့တစ်ဖက်ကမ်း လယ်ကွင်းမှာ ကျရောက်ပေါက်ကွဲပြီး စပါးရိပ်သိမ်းနေတဲ့ ဦးမောင်ကြီးရဲ့ ဘယ်ဘက် တံတောင်ဆစ်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်”ဟုဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီကျော်ခန့် အချိန်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စကစဖက်မှ ဂျက်လေယာဥ်တစ်စီးဖြင့် လာရောက်ပြီး ဗုံး ၂ လုံးထက်မနည်းကြဲချသွားခဲ့ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ