Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအဖွဲ့မှ ဂွမြို့နယ် ဒေသခံ ၁ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်

စစ်ကောင်စီအဖွဲ့မှ ဂွမြို့နယ် ဒေသခံ ၁ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်

AB News – ဒီဇင်ဘာ ၁၄၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ဂွမြို့နယ်မှ ဒေသခံ ၁ဦးအား ဒီဇင်ဘာလ ၁၂ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် စစ်ကောင်စီအဖွဲ့က အမှုဖွင့်ထားကြောင်း စုံစမ်းသိရှိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံရသူမှာ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် ၂ရပ်ကွက်မှ ဦးကျော်စွာစိုး (ခ) အာနိုးဖြစ်သည်။

ရက္ခိုင်ပြည်၊ ဂွမြို့အခြေစိုက် စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ပြီး ဂွမြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ည ဖြင့် အမှုဖွင့်ထားကြောင်း ကျန္တလီမြို့ခံ ၁ဦးက ပြော သည်။

“ကိုကျော်စွာစိုးရဲ့ ဖေ့စ်ဘွတ်လူမှုစာမျက်နှာပေါ်မှာ DVB၊ ​​ခေတ်သစ်၊ NUG Pageတွေက သတင်းတွေကို မျှဝေခဲ့တာကြောင့် ဂွမြို့ အခြေစိုက် ခမရ ၅၆၆ တပ်ရင်းမှ စစ်ကောင်စီအဖွဲ့က လွန်ခဲ့တဲ့ တစ်ပတ်လောက်က သူ့ကိုဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလ ၁၂ရက်နေ့မှာ အကြမ်းမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်” ဟု ဆိုသည်။

ထို့အပြင် ရက္ခိုင်ပြည်အခြေစိုက် မီဒီယာများမှ သတင်းများအား Like, Share, Copy နှင့် Comment ရေးသားသူများကိုပါ ဖမ်းဆီးမရေးယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားပြီး ၅၀၅ က ဖြည့်လည်း ဖမ်းဆီး တရားစွဲခံရသူ ၅ ဦးထက်မနည်း ရက္ခိုင်တွင် ရှိနေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ရက်နေ့မှ စ၍ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့သည် အရပ်သားပြည်သူ ၁၀၀ ကျော်အား ဖမ်းဆီးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ