Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအဖွဲ့ထောင်ထားသည့် မိုင်းနင်းပြီး မင်းပြားမြို့ခံ ၁ဦး ခြေထောက် ၂ ဖက်လုံးပြတ်တောက်

စစ်ကောင်စီအဖွဲ့ထောင်ထားသည့် မိုင်းနင်းပြီး မင်းပြားမြို့ခံ ၁ဦး ခြေထောက် ၂ ဖက်လုံးပြတ်တောက်

AB News – ဒီဇင်ဘာ ၁၅၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် စစ်ကောင်စီအဖွဲ့ထောင်ထားသည့် မိုင်းနင်းပြီး ဈေးဟောင်းပိုင်းရပ်ကွက်မှ အမျိုးသား၁ဦး ခြေ ထောက်၂ ဖက်လုံး ပြတ်တောက်ခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ခြေထောက် ၂ ဖက်လုံးပြတ်တောက်ခဲ့သူမှာ မင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်၊ ခဝါသည်တန်းလမ်းမှ ဦးကျော်မောင် ၃၈နှစ်ဖြစ်သည်။

ယနေ့ ဒီဇင်ဘာ ၁၅ရက်နေ့ နေ့လည်အချိန်တွင် မင်းပြားမြို၊ မြို့မရဲစခန်းအနောက်ဘက် ကန်ဘောင်ပေါ်တွင် စစ်ကောင်စီက ထောင်ထားသည့် မိုင်းကိုနင်းမိပြီး ဦးကျော်မောင် ခြေထောက် ၂ ဖက်လုံး ပြတ်တောက်ခဲ့ကြောင်း မြို့ခံ ၁ ဦးက ပြောသည်။

“ဒီနေ့ နေ့လည် ၁၂ နာရီကျော်အချိန်မှာ မင်းပြားမြို့မရဲစခန်းရဲ့ အနောက်ဘက်ကန်ဘောင်မှာ စစ်ကောင်စီအဖွဲ့ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ဦးကျော်မောင်ရဲ့ ခြေ ၂ဖက်လုံး ပြတ်တောက်သွားတယ်။ ခြေ ၁ ဖက်က အဲ့ဒီ မိုင်းနင်းမိတဲ့ နေရာမှာဘဲ ပြတ်ကျန်ခဲ့တယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ရက်နေ့တွင်လည်း ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီအဖွဲ့ထောင်ထားသည့် မိုင်းနင်းမိပြီး မောင်တောမြို့နယ်၊ မီးတိုက်ရွာမှ ဦးမောင်သာထွန်း ၄၀နှစ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ