AB News – ဒီဇင်ဘာ ၈၊ ၂၀၂၃
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီအဖွဲ့က ထောင်ထားသည့် မိုင်းကို နင်းမိပြီး မောင်တောမြို့နယ်မှ ဒေသခံ ၁ဦး ခြေထောက်တစ်ဖက်ပြတ် ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။
ဒဏ်ရာရရှိသူမှာ မောင်တောမြို့နယ်၊ မီးတိုက်ရွာမှ ဦးမောင်သာထွန်း ၄၀နှစ်ဖြစ်သည်။
ယမန်နေ့ နေ့လည် ၂နာရီကျော်ခန့် အချိန်တွင် မီးတိုက်ချောင်းသို့ ငါးရှာသွားရာတွင် စစ်ကောင်စီအဖွဲ့က ထောင်ထားသည့် မိုင်းကို နင်းမိပြီး ဦးမောင်သာထွန်း၏ ညာဘက် ခြေသလုံးအောက်မှ ပြတ်ထွက် ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသား ၁ဦးက ပြောသည်။
“မနေ့က နေ့လည် ၂နာရီကျော်မှာ ဦးမောင်သာထွန်းဟာ မီးတိုက်ချောင်းကို ငါးရှာသွားတယ်။ အဲ့ဒီ ချောင်းစပ်မှာ စစ်ကောင်စီ ထောင်ထားတဲ့ မြေမြုပ်မိုင်းကို နင်းမိပြီး သူ့ခြေသလုံးအောက်က ပြတ်သွားပါတယ်။ ဒဏ်ရာကအရမ်းပြင်းပါတယ်” ဟု ဆိုသည်။
ရက္ခိုင်တွင် တကျော့ပြန် စစ်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့သည် အရပ်သားပြည်သူများအပေါ် လက်နက်ကြီး၊ လက်နက်ငယ်၊ နေဗီ၊ စစ်ရဟတ်ယာဥ်၊ တိုက်လေယာဥ်များဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လျက်ရှိသည်။
ထို့အပြင် ကျေးရွာများအနီး စစ်ကောင်စီအဖွဲ့၏ မြေမြုပ်မိုင်းများကြောင့် အရပ်သားပြည်သူများ ၏ အသက်များ ဆုံးရှုံးလျက်ရှိသည်ကို တွေ့ရှိရသည်။
ဓာတ်ပုံ-မိုင်းနင်း၍ ခြေထောက်ပြတ် ဒဏ်ရာရရှိသည့် ဦးမောင်သာထွန်း အား AA ကထောင်သည့်မိုင်းကိုနင်းမိသည်ဟု ဝါဒဖြန့်ထားသည့်ပုံ