Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပလက်ဝ ဒေသခံ ၇ဦး သေဆုံး

စစ်ကောင်စီအဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပလက်ဝ ဒေသခံ ၇ဦး သေဆုံး

AB News – ဇန်နဝါရီ ၃၁၊ ၂၀၂၄

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီအဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဇန်နဝါရီလ ၂၉ရက် မွန်းလွဲ ၁နာရီကျော်အချိန်တွင် ပလက်ဝ ဒေသခံ ၇ဦး သေဆုံးခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ရက် မွန်းလွဲ ၁နာရီကျော်အချိန်တွင်
စစ်ကောင်စီအဖွဲ့က ပလက်ဝမြို့နယ်ရှိ ရက္ခိုင့်တပ်တော်စိုးမိုးသိမ်းပိုက်ထားသည့် နေရာများနှင့် ချင်းတော်လှန်ရေးအင်အားစုများ အခြေစိုက်ထားသည့် တည်နေရာအနီးရှိ ကျေးရွာများကို ၃ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၇ဦး သေဆုံးခဲ့သည်ဟု ဒေသခံ ၁ဦးက ပြောသည်။

“ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ရက်နေ့မှာ စစ်ကောင်စီအဖွဲ့ဟာ ပလက်ဝမြို့ရဲ့ နေရာအတော်များများကို ဗုံးကြဲတိုက်ခိုက်ပါတယ်။ အဲ့လို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မင်းတပ်မြို့နယ် ကြုတ်ရွာက ဆီကုန်သည် ၆ဦးနဲ့ ပလက်ဝမြို့နယ်၊ ဒိုက်ချောင်းရွာက ရွာသား ၁ဦး သေဆုံးသွားပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီအဖွဲ့သည် ဇန်နဝါရီလ ၂၉ရက် မွန်းလွဲ ၁နာရီကျော်အချိန်တွင် ပလက်ဝမြို့ကို လေကြောင်းအသုံးပြုတိုကခိုက်ခဲ့ရာ ဆီကုန်သည်များ နေထိုင်သည့် နေရာအနီးတွင် ဗုံးကျရောက်ပေါက်ကွဲပြီး မင်းတပ်မြို့နယ် ကြုတ်ရွာမှ ဆီကုန်သည် ၆ဦးနဲ့ ပလက်ဝမြို့နယ်၊ ဒိုက်ချောင်းရွာမှ ရွာသား ၁ဦး သေဆုံးခဲ့ကြောင်း သိရသည်​။

ညီနောင် ၃ဖွဲ့က “ရမ်းဗြဲမြို့တွင် ယခုရက်သတ္တပတ်အတွင်း ရင်ဆိုင်တိုက်ပွဲဆိုသည်ထက် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် အဓိကပစ်ခတ်ဖျက်ဆီးပြီး တစ်မြို့လုံးအားပျက်စီးစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်လျက်ရှိသည်” ဟု ဖော်ပြခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ရက္ခိုင်ပြည်၊ မင်းပြားအခြေစိုက် ခမရ ၃၇၉ တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည်  ၂၀၂၂ ခုနှစ်ကတည်းက မတရားဖမ်းဆီးထားသည့် အရပ်သားပြည်သူ ၂ ဦးအား ဖမ်းဆီးထားစဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ကာ အချုပ်ခန်းထဲ၌ သေနတ်ဖြင့် မသေမချင်း ပစ်သတ်ခဲ့ကြောင်း ယမန်​နေ့ ညဥ့် ၁၂နာရီ၊ ၄၇မိနစ်အချိန်တွင် ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ABN#ပလက်ဝ#စစ်ရာဇဝတ်မှု

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ