Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီသည် စစ်တွေမြို့ရှိပြည်သူများကို လူသားဒိုင်းကာအဖြစ် ထိန်းချုပ်ထားပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်ဟု AA ပြော

စစ်ကောင်စီသည် စစ်တွေမြို့ရှိပြည်သူများကို လူသားဒိုင်းကာအဖြစ် ထိန်းချုပ်ထားပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်ဟု AA ပြော

AB News – မတ်လ ၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြို့ရှိ မြို့ခံများကို အကြမ်းဖက်စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ထိန်းချုပ်ထားပြီး လက်နက်ကြီးများဖြင့် လူမဆန်စွာ ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်သူက ယနေ့ မတ်လ ၄ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“စစ်တွေကို ကြည့်လိုက်ရင် တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာ မရှိဘဲ လမ်း၊ တံတားတွေကို ဖျက်ဆီးခဲ့တယ်။ စစ်​တွေအဝင်လမ်း တံတားကို မိုင်းခွဲဖျက်ဆီးခဲ့တယ်။နောက်ပြီးတော့ ပိုဆိုးတာက မြို့ခံတွေကို မြို့ပြင်ထွက်ခွင့် မပေးဘူး။ မြို့ခံတွေဟာ အပြင်ထွက်လို့ မရကြပါဘူး” ဟု ဆိုသည်။

လက်ရှိအချိန်တွင် စစ်တွေမြို့မှ မြို့ခံများမှာ အကြမ်းစစ်ကောင်စီ၏ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် အနေအထားသို့ ရောက်ရှိနေကြောင်း ပြောဆိုထားသည်။

စစ်တွေမြို့ရှိ ဓားစာခံအဖြစ်ဖမ်းဆီးထားသည့် ပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်နေခြင်းသည် လူသားဆန်မှုကင်းသည့် လုပ်ရပ်သာဖြစ်သည်ဟု မှတ်ချပြုသည်။

အဆိုပါ လုပ်ရပ်များမှာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သည်ဟု ဆိုထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့၏ စစ်တွေမြို့အနီး ရေတပ် စစ်သင်္ဘောမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦးနေရာတွင်သေဆုံးခဲ့ရကာ အပြင်းစား ဒဏ်ရာရသူ ၃၁ ဦး၊ အလတ်စား၊ အသေးစားဒဏ်ရာရသူ ၅ဝ နီးပါးအထိရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ