Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ မြောက်ဦးမြို့ထဲ၌ မီးလောင်မှုဖြစ်ပွားခဲ့

AB News- ဇန်နဝါရီ ၂၈၊ ၂၀၂၄

ယမန်နေ့၊ ည ၇ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီတပ် အမှတ် (၃၁) ရဲတပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီး မြောက်ဦးမြို့ထဲသို့ ကျရောက်ပေါက်ကွဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ပြည်သူများ ဝိုင်းဝန်း၍ မီးငြိမ်းသတ်မှုကြောင့် မီးငြိမ်းသွားခဲ့သည်။ လူနေအိမ်အချို့ မီးလောင်ပြာကျသွားသည်ဟု AB News မှ စုံစမ်းသိရှိရသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့၊ နေ့လည် ၂ နာရီခန့်အချိန်တွင်လည်း စစ်တွေအခြေစိုက် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး မင်းပြားမြို့နယ် ငါးစရိုင်းချောင်း ခွဆုံရွာအနီး လယ်ကွင်း၌ ကျရောက်ပေါက်ကွဲမှုကြောင့် ယာခင်းလုပ်ကိုင်နေသည့် ကျေးရွာသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာရသူများမှာ အသက် ၅၄ နှစ်ရွယ် ဦးထွန်းလှမောင်၊ အသက် ၂၅ နှစ်အရွယ် မောင်ဆန်းမြင့် နှင့် အသက် ၆၁ နှစ်အရွယ် ဦးစံရွှေအောင် တို့ဖြစ်ကြောင့် AB News မှ သိရှိရသည်။

ABN Website:
https://www.arakanbaynews.com

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ