Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီမှ လူသားဒိုင်းကာနှင့် ဓါးစာခံအဖြစ်ပြန်ပေးဆွဲထားသော ပေါက်တောမြို့ပြည်သူလူထုများနှင့် ရဟန်းသံဃာ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့ ပါဝင်သည့် အရေအတွက် (၁၀၀) နီးပါးကို ရက္ခိုင့်တပ်တော်မှ အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့

စစ်ကောင်စီမှ လူသားဒိုင်းကာနှင့် ဓါးစာခံအဖြစ်ပြန်ပေးဆွဲထားသော ပေါက်တောမြို့ပြည်သူလူထုများနှင့် ရဟန်းသံဃာ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့ ပါဝင်သည့် အရေအတွက် (၁၀၀) နီးပါးကို ရက္ခိုင့်တပ်တော်မှ အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၀၂) မိနစ်ခန့်တွင် ရက္ခိုင်ပြည်နယ်၊ ပေါက်တောမြို့ အတွင်း နေရာအချိုနှင့် လောကထိပ်ပန်ဘုရားကုန်းတို၌ စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီသည် ပေါက်တောမြို့မှ ရဟန်းသံဃာ အပါအဝင် ဒေသခံပြည်သူလူထု (၁၀၀) နီးပါးကို ဓါးစာခံနှင့် လူသားဒိုင်းကာအဖြစ်အသုံးပြုရန် ပြန်ပေးဆွဲထားသည်မှာ (၆) ရက် ခန့်ရှိပြီဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့မှစတင်၍ ပြန်ပေးဆွဲထားခြင်းဖြစ်သည်။

ထို့ကြောင့် ရက္ခိုင့်တပ်တော်သည် ပေါက်တောမြို့အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာနေရာများအား ဝင်ရောက် တိုက်ခိုက်ပြီး ဓါးစာခံပြည်သူလူထုအားလုံးကို ဘေးအန္တရာယ်ကင်းစွာဖြင့် ကယ်ထုတ်နိုင်ရန် ကြိုးစားရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဓါးစာခံပြည်သူလူထုများအား ကယ်တင်နိုင်ခဲ့သည့် ဤတိုက်ပွဲသည် ပေါက်တောမြို့အတွင်း ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲဝင်များသည်လည်း အထိနာကာ အကျအဆုံးများခဲ့သည်။ ရန်သူ့လက်နက်ခဲယမ်းတချို့အား မိမိတို့မှ သိမ်းဆည်း ရမိခဲ့သည်။ မိမိတို့ ဖက်မှလည်း အာရက္ခစစ်သည်အချို့ အသက်ပေးဆပ်ခဲ့ရပြီး ဒဏ်ရာရရှိသူအချို့လည်း ရှိခဲ့သည်။

ထို့ကြောင့် ရန်သူသည် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသောနေရာများသို့ပါ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခြင်းများကို ယခု အချိန်အထိ ပြုလုပ်လျက်ရှိသည်။

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို အမြဲတမ်းကာကွယ်ပေးလျက်ရှိပြီး ပြည်သူလူထုအားဒုက္ခရောက်ရန် ပြုလုပ်သော မည်သူ့ကိုမဆို တားဆီးတိုက်ဖျက်သွားမည်။ အာရက္ခပြည်သူလူထုများအား သတ်ဖြတ်နေသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များကိုလည်း မိမိတို့ ထုတ်ပြန်ထားသည့်အတိုင်း လက်စားချေ တုံ့ပြန်သွားမည်ဖြစ်သည်။

ပေါက်တောမြို့အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်လက်ချေမှုန်းလျက်ရှိပြီး ကျန်ရှိနေသေးသောဓါးစာခံများ အန္တရာယ်ကင်းစွာလွတ်မြောက်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ရုပ်သံအား Telegram တွင်ကြည့်ရန်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ