Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီမှ ပုဒ်မ ၂ခုဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မှ ဆန်စက်ပိုင်ရှင်အမှု ၆ ကြိမ်မြောက်ရုံးထုတ်သော်လည်း စစ်ကောင်စီတရားလိုထပ်မံပျက်ကွက်

ABN- ရှိုင်းမိုး

ကျောက်တော်မှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နှင့် စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ ဖြင့် စစ်ကောင်စီဖက်မှ တရားလိုလုပ်ပြီး တရားစွဲဆိုထားခြင်းဖြစ်သည်။

ဦးလှမောင်သန်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်လွဲ ၁၂ နာရီအချိန်တွင် စစ်တွေမြို့နယ် တရားရုံးတွင် ၆ကြိမ်မြေက် ရုံးထုတ်စစ်ဆေးခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလိုပျက်ကွက်သဖြင့် စစ်ဆေးမှု မပြုလုပ်ခဲ့ရဟု ဇနီးဖြစ်သူက ပြောသည်။

“သူတို့ဖက်က တရားလိုမရောက်ပါ၊ တရားလိုပျက်ကွက်တာ ၆ကြိမ်မြောက်ရှိပါပြီ။ စိတ်ပျက်လာပါပြီ၊ သူတို့ဖက်က ဘယ်လိုလုပ်နေတာလဲ မသိတော့ပါဘူး၊ အပြစ်ရှိတယ်ဆိုရင် အပြစ်ပေးလိုက်ရင်ရတာပဲကို၊ အပြစ်မရှိရင်လည်း ပြန်လွှတ်‌ပေးစေချင်ပါတယ်” ဟု ပြောသည်။

အမှုကို လာမည့် မတ်လ ၁ရက်နေ့သို့ ထပ်မံရုံးချိန်း ရွှေ့ဆိုင်းလိုက်ပြီး လက်ရှိတွင် ဦးလှမောင်သန်းသည် စစ်တွေမြို့မ ရဲစခန်းတွင် ကျန်းမာရေးမကောင်းဖြစ်နေသည့်အတွက်ကြောင့် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

“သူကျန်းမာ‌‌ရေးမကောင်းဖြစ်နေပါတယ်၊ ဒူးဆစ်တွေ ကိုက်တယ်၊ ခါးဆစ်တွေနာတယ်လို့ပြောပါတယ်၊ သူတို့ဆေးကုပေးပေမယ့်လည်း မသက်သာပါဘူး၊ ဖြစ်နိုင်ရင် အပြင်မှာကုချင်ပါတယ်” ဟု ဆက်ပြောသည်။

‌ကျောက်တော်မြို့နယ် ကာဒီ (သဇင်) ရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းကို ပြီးခဲ့သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂ရက်နေ့က ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ ဖမ်းဆီးပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီမှ ပုဒ်မ ၂ခုဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မှ ဆန်စက်ပိုင်ရှင်အမှု ၆ ကြိမ်မြောက်ရုံးထုတ်သော်လည်း စစ်ကောင်စီတရားလိုထပ်မံပျက်ကွက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ