Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီမှ ပစ်သည့်လက်နက်ကြီးကျည်ထိမှန်၍ ရေဖြူကန်ရွာမှ ပိုလီယိုရောဂါသည် ၁ ဦးအပါအဝင် ရွာသား ၂ ဦး ဒဏ်ရာရ

ယနေ့ နေ့လည် ၁ နာရီ ၄ဝ အချိန်ခန့်က ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်ရွာတွင် နေထိုင်သော ပိုလီယိုရောဂါသည် ၁ ဦးနှင့် နောက်ထပ် ရွာသား ၁ ဦးတို့မှာ စစ်ကောင်စီတပ်ရင်း အမှတ် ၅၅၀ မှ ပစ်သည့်လက်နက်ကြီးကျည်စ ထိမှန်၍ ဒဏ်ရာရသွားကြောင်းသိရသည်။

ဒဏ်ရာရသူနှစ်ဦးမှာ ပုဏ္ဏားကျွန်းမြိုနယ် ရေဖြူကန်ရွာမှ ဦးအေးဝင်းမောင် အသက် ၃၅နှစ်နှင့် ဦးဝင်းမောင် အသက် ၃၆ နှစ်တို့ကြဖြစ်ပြီး ဦးဝင်းမောင်မှာ ပိုလီယိုရောဂါခံစားနေရသည့် မသန်စွမ်းသူတစ်ဦးဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက ABN ကိုပြောသည်။

“နေ့လည် ၁ နာရီ ၄၀မိနစ် ဝန်းကျင်လောက်မှာ ဖြစ်ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် စစ်ကောင်စီတပ် အမှတ် ၅၅၀က ပစ်တာပါ။ အဲ့က ပစ်တဲ့လက်နက်ကျည်ကျပြီးတော့ နှစ်ယောက်လုံးထိခိုက်ဒဏ်ရာရသွားတာပါ။ ဒဏ်ရာတွေတော့ မပြင်းထန်ပါဘူး ဒါပေမယ့် ပိုလီယို ရောဂါခံစားနေရတဲ့ မသန်းစွမ်းသူ တစ်ဦးတော့ပါပါတယ်” ဟုဆိုသည်။

ရေဖြူကန်ရွာထဲကို ပုဏ္ဏားကျွန်း စစ်ကောင်စီတပ် ၅၅၀ မှ ပစ်သည့်ကျည် ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဦးအေးမောင်တွင် ဦးခေါင်းတွင် ကျည်စထိမှန်ခဲ့ပြီး ဒဏ်ရာ မပြင်းထန်ခဲ့ကြောင်းနှင့် ပိုလီယိုဝေဒနာခံစားနေရသူ၏ ဒဏ်ရာအသေးစိတ်ကိုမူ ABN အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက် မွန်းတည့် ၁၁နာရီ ၃၀မိနစ်တွင်လည်း စစ်ကောင်စီတပ်ရင်း ၉ မှ ပစ်သည့်လက်နက်ကြီးထိမှန်၍ ကျောက်တော်မြိုနယ် ဒုံးရွာမှ မရမာအမျိုးသား နှစ်ဦးဖြစ်သည့် ဦးနီဂျိုင်း အသက်၃၀နှစ်တွင် ခြေထောက်၌ ဒဏ်ရာရပြီး ဦးရာ့ရှ် အသက်၂၃နှစ်မှာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရရခဲ့ကြကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ