Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာ ဘုန်းကြီးကျောင်း မီးလောင်ပြာကျ

AB News – နိုဝင်ဘာ ၂၇၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ ရဲရိုးပြင်ရွာ ဘုန်းကြီးကျောင်း မီးလောင်ပြာကျခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယနေ့ နိုဝင်ဘာ ၂၇ရက် နံနက် ၃နာရီအချိန်တွင် စစ်ကောင်စီ နေဗီမှ ပစ်ခတ်သောလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာ ဘုန်း​ကြီးကျောင်း မီးလောင်ပြာကျခဲ့သည်ဟု ကျေးရွာသား ၁ဦးက ပြောသည်။

“ဒီနေ့ မနက် ၂နာရီကျော်မှာ ​ကုလားတန်မြစ်မှနေပြီး စစ်ကောင်စီ နေဗီဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနှင့်ကျနော်တို့ ရဲရိုးပြင် ဘုန်းကြီးကျောင်းကို တရစပ် ပစ်ခတ်ခဲ့တယ်။ မနက် ၃နာရီကျော်မှာ လက်နက်ကြီး ၁လုံး ထိမှန်ပြီး ဘုန်းကြီးကျောင်း မီးလောင်ခဲ့တယ်” ဟု ဆိုသည်။

ရဲရိုးပြင်ရွာသားများမှာ ဘုန်းတော်ကြီးကျောင်း မီးလောင်မှုအား ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့သော်လည်း မီးမငြိမ်းနိုင်သောကြောင့် ရဲရိုးပြင်ဘုန်းကြီးကျောင်း မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၆ရက် နေ့လည် ၃နာရီအချိန်တွင် စစ်ကောင်စီတပ် ဒရုန်းမှ ပစ်ချခဲ့သော ဗုံးထိမှန်၍ ရဲရိုးပြင်ရွာမှ အမျိုးသမီး ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယနေ့မနက် အစောပိုင်းကတည်းကစပြီး ပုဏ္ဏားကျွန်းမြို့ အ​ခြေစိုက် ၅၅၀ တပ်ရင်းမှ လက်နက်ကြီး စက်လတ်များဖြင့် ပစ်ခတ်သည့်အသံများ ကြားနေရကြောင်း ဒေသခံများက ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ