Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီမှ နေဗီ ၆ စီးဖြင့် မင်းပြားနှင့် ကျောက်တော်ဖက်သို့ စစ်အင်အားများ တိုးချဲ့ဖြည့်နေ

ယနေ့ ဒီဇင်ဘာလ ၁၀ရက်နေ့ မနက် ၆နာရီခန့်က စစ်ကောင်စီနေဗီ ၆ စီးသည် ရိက္ခာများအပြည့်ဖြင့် မင်းပြားနှင့် ကျောက်တော်ဘက်သို့ စစ်အင်အားများထပ်မံ၍ဖြည့်ကြောင်းတွေ့ရသည်။

၎င်းစစ်နေဗီ ၆ စီးမှာ ယနေ့ မနက်၆နာရီက စစ်တွေ ရွှေမင်းဂံရေတပ်မှ လူအင်အား လက်နက်အင်အား ရိက္ခာများအပြည့်ဖြင့် မင်းပြားနှင့် ကျောက်တော်များဘက်သို့ ဦးတည်၍ သွားနေကြောင်း သတင်းရင်းမြစ်များကပြောသည်။

“ဒီနေ့ မနက် ၆နာရီမှာ စထွက်ပါတယ်။ စစ်တွေ ရွှေမင်းဂံရေတပ်က ထွက်လာတာပါ။ စစ်နေဗီ ၆စီးဖြစ်ပါတယ်။ ၂ စီးက မင်းပြားဘက်သို့ဦးတည်ပြီးသွားနေပါတယ်။ ကျန်လေးစီးကတော့ ကျောက်တော်ဘက်သို့ သွားနေပါတယ်။ လူအင်အား လက်နက်အင်အား ရိက္ခာတွေလည်း အပြည့်ပါတယ်” ဟုပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်သည့် အပစ်ရပ်ထားသည့် ကာလ၌ စစ်အင်အား လက်နက်အင်အား၊ ရိက္ခာများကို တပ်ပိုင်းကား၊ နေဗီများကို အသုံးပြုပြီး နေစဥ် ဖြည့်လျက်ရှိနေသည်။

ဒီဇင်ဘာလ ၉ရက်နေ့ကလည်း မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်း ၃၉၉၊ ၃၈၀၊ ၅၄၀နှင့် ၅၄၁ တို့မှ ရိက္ခာများကို မြောက်ဦးမြို့ရှိ ၅၄၀၊ ၃၇၇ နှင့် ၅၈၀ တပ်ရင်းများသို့ စစ်ကား ၂၁စီးဖြင့်တင်ပို့ခဲ့ကြောင်းသိရသည်။

ထို့အပြင် ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကို ရခိုင်ပြည် စစ်ကောင်စီက ဖွင့်ပေးထားပြီဟု ပြောသော်လည်း စစ်တပ်ပိုင် ရေယာဥ်များမှအပ ပြည်သူပိုင်ရေယာဥ်များကို သွားလာခွင့် မပေးသေးကြောင်း ဒေသခံရေယာဥ်သမားများထံမှ သိရသည်။

စစ်ကောင်စီမှ နေဗီ ၆ စီးဖြင့် မင်းပြားနှင့် ကျောက်တော်ဖက်သို့ စစ်အင်အားများ တိုးချဲ့ဖြည့်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ