သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီပစ် လက်နက်ကြီးကျည် ၁၃လုံး ဘင်္ဂလားဒေ့ချ်နိုင်ငံအတွင်း ကျရောက်ပေါက်ကွဲပြီးနောက် ဘင်္ဂလားဒေ့ချ်ဘက်မှ နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြင့်ချထား

စစ်ကောင်စီပစ် လက်နက်ကြီးကျည် ၁၃လုံး ဘင်္ဂလားဒေ့ချ်နိုင်ငံအတွင်း ကျရောက်ပေါက်ကွဲပြီးနောက် ဘင်္ဂလားဒေ့ချ်ဘက်မှ နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြင့်ချထား

AB News – ဇန်နဝါရီ ၃၁၊ ၂၀၂၄

စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၁၃လုံး ဘင်္ဂလားဒေ့ချ်နိုင်ငံအတွင်းသို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကျရောက်ပေါက်ကွဲပြီးနောက် ဘင်္ဂလားဒေ့ချ်ဘက်မှ နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြင့်ချထားကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဘင်္ဂလားဒေ့ချ်နိုင်ငံပိုင် Bangladesh Sangbad Sangstha (BSS) သတင်းဌာနက ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ မြန်မာဘက်က လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့သည့်အတွက် သတိထား စောင့်ကြည့်နေကြောင်း ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က  ပြောသည်။

“ကျွန်တော်တို့ အမှန်တကယ် စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ရဲ့  နယ်ခြားစောင့်တပ်တွေကို အဲ့ဒီမှာ ဆက်ပြီးတပ်လှန့်ထားတယ်။ မြန်မာအစိုးရနဲ့ ဆက်သွယ်နေတယ်” ဟု ဆိုသည်။

လက်နက်ကြီးကျည်များသည် ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့ အကြား တိုက်ပွဲဖြစ်ပွားရာမှ ဘင်္ဂလားဒေ့ချ်နိုင်ငံအတွင်းသို့ ကျရောက်လာသည်ဟု ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟာဆန်မာမွတ်က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ချ်ပိုင်နက်အတွင်းသို့ မြန်မာဘက်က လက်နက်ကြီးကျည်တွေ ထပ်မကျလာဖို့ မျှော်လင့်နေသည်ဟု သူက ဆိုသည်။

မြန်မာဘက်က တိုက်ပွဲအခြေအနေများကြောင့် ဘင်္ဂလားဒေ့ချ်နယ်စပ်တစ်လျှောက် ကော့ဘဇားဘက်ခြမ်းတွင် လုံခြုံရေးတိုးမြှင့်ထားကြောင်း ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

အမှတ် (၃၄) ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ် (BGB) အနေဖြင့် ဘင်္ဂလားဒေ့ချ်ဘက်ခြမ်းသို့ လက်နက်ကြီးကျည် ၁၃ လုံးကျရောက်ပေါက်ကွဲခဲ့သည့်အပြင် ကျည်ဆန်တစ်တောင့် ကျခဲ့သည့်အတွက် စစ်ကောင်စီ၏  မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ ကန့်ကွက်စာ ပို့ထားသည်ဟု BSS သတင်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ