Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီပစ်လက်နက်ကြီးကျည် ထိမှန်ပြီး မြောက်ဦးမြို့နယ်မှ ဒေသခံ ၁ ဦးသေ၊ ၁ဦး ဒဏ်ရာရခဲ့သည့်အပြင် ပုဏ္ဏားမြို့မှ အမျိုးသမီး ၁ဦး သေဆုံးခဲ့ရကြောင်း ညီနောင် ၃ဖွဲ့ထုတ်ပြန် 

စစ်ကောင်စီပစ်လက်နက်ကြီးကျည် ထိမှန်ပြီး မြောက်ဦးမြို့နယ်မှ ဒေသခံ ၁ ဦးသေ၊ ၁ဦး ဒဏ်ရာရခဲ့သည့်အပြင် ပုဏ္ဏားမြို့မှ အမျိုးသမီး ၁ဦး သေဆုံးခဲ့ရကြောင်း ညီနောင် ၃ဖွဲ့ထုတ်ပြန် 

(ကျောက်ဖြူမြို့ခံ ၄ဦးကိုလည်း စစ်ကောင်စီ ဖမ်းဆီး)

AB News – ဖေဖော်ဝါရီ ၅၊ ၂၀၂၄

ရက္ခိုင်ပြည်တွင် စစ်ကောင်စီပစ်လက်နက်ကြီးကျည် ထိမှန်ပြီး မြောက်ဦးမြို့နယ်မှ ဒေသခံ ၁ ဦးသေပြီး ၁ဦး ဒဏ်ရာရခဲ့သည့်အပြင် ပုဏ္ဏားမြို့နယ်မှ အမျိုးသမီး ၁ဦး သေဆုံးခဲ့ကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၄ရက် ညဥ့် ၁၂နာရီကျော်အချိန်တွင် ညီနောင် ၃ဖွဲ့ထုတ်ပြန်ခဲ့သည်။

သေဆုံးခဲ့သူများမှာ မြောက်ဦးမြို့နယ်၊ သရက်ချို ရွာမှ ဦးလှမောင် ၄၅နှစ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာမှ မဌေးဌေးဝင်း ၃၀နှစ်ဖြစ်ပြီး ဒဏ်ရာရရှိခဲ့သူမှာ  မြောက်ဦးမြို့နယ်၊ သရက်ချို ရွာမှ ဦးအာဘုကာဆိန် ၇၀နှစ်တို့ ဖြစ်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်၊ နံနက် ၁၁ နာရီအချိန်တွင် စစ်ကောင်စီ၏ မြောက်ဦးအခြေစိုက် ခမရ ၃၇၇ တပ်ရင်းသည် အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မြောက်ဦးမြို့နယ်၊ သရက်ချိုကျေးရွာအနောက်ဘက်ရှိ ဒေသခံကျေးရွာသားများ ပိုင်ဆိုင်သည့် လယ်ကွင်းထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး  ၎င်းလယ်ကွင်းတွင် စပါးရိတ်သိမ်းနေကြသည့် အသက် ၄၅ နှစ်အရွယ် ကျေးရွာသား ၁ ဦးသည် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး အသက် ၇၀ အရွယ် ရွာသား ၁ ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ညီနောင် ၃ဖွဲ့က ထုတ်ပြန်ခဲ့သည်။

 ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ရက်နေ့တွင်စစ်တွေ၊ ပါဒလိတ်ရှိ စစ်ကောင်စီ၏ အမှတ် ၂၃၂ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်ခဲ့သဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာမှ ဒေသခံအမျိုးသမီး (၁) ဦးမှာ ဦးခေါင်းတွင် ကျည်စထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ ခေမာလမ်းနေ အသက် (၄၇) နှစ်အရွယ်  ဦးဝင်းကျော် ၄၇နှစ်အပါအဝင် မြစ်နားတန်းရပ်ကွက်၊ ဈေးလမ်းမှ စံပြဆေးဆိုင်ပိုင်ရှင်ဒေါ်ညိုညို ၆၀နှစ်၊ သမီးဖြစ်သူ မချောစုစုသွယ် ၂၀နှစ်နှင့် ၎င်းဆေးဆိုင်မှ ထမင်းချက်အမျိုးသမီး ၁ ယောက်တို့အား အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်နှင့် စရဖပူးပေါင်းအင်အား (၂၅) ဦးသည် နေအိမ်အတွင်းသို့ အင်အားသုံးဝင်ရောက်လာကာ မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ညီနောင် ၃ဖွဲ့က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

ABN#စကစ၏စစ်ရာဇဝတ်မှုမှတ်တမ်း#ရက္ခိုင်တိုက်ပွဲ

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ