သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား ယာယီနှစ်ဖက်ပစ်ခတ်မှုရပ်တန့်ထားရေး နိပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆာဆာကာဝါ ကြားဝင်စေ့စပ်ခဲ့ကြောင်း AA ပြော

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား ယာယီလူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ဆိုင်းရေးအတွက် နိပွန်ဖောင်းဒေးရှင်း (ဂျပန်) ဥက္ကဌ ဆာဆာကာဝါမှ ကြားဝင်စေ့စပ်ခဲ့ကြောင်း ယနေ့ပြုလုပ်သည့် ရက္ခိုင့်တပ်တော်၏ ၆ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောကြားခဲ့သည်။

လတ်တလော ရခိုင်ပြည်တွင်း တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေမှု ရပ်တန့်ပြီး စစ်ဘေးရှောင်များအရေး၊ တောင်သူ လယ်သမားများစပါးရိတ်သိမ်းနိုင်ရေးစသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကိုဆောင်ရွက်နိုင်ရန် နိုဝင်ဘာ ၂၆ ရက်နေ့မှ စတင်ကာ ယာယီရပ်တန့်ထားခဲ့ကြသည်။

“ပွင့်ပွင့်လင်းလင်းပြောရ‌မယ်ဆိုရင် ဂျပန်က နိပွန်ဖောင်းဒေးရှင်းဥက္ကဌ မစ္စတာ ဆာဆာကာဝါက ကြားဝင်စေ့စပ်မှုကြောင့် ကျနော်တို့ ဒီကိစ္စဖြစ်လာခြင်းဖြစ်ပါတယ်” ဟု ဦးခိုင်သုခကပြောသည်။

စစ်ကောင်စီက ရခိုင်က စစ်ဘေးရှောင်ဒုက္ခသည်များအား ရိက္ခာဖြတ်တောက်ထားမှုကြောင့် အငတ်ဘေးနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်းနှင့် ၎င်းတို့အတွက် အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော် ပြောရဲဆိုခွင့်ရှိသူ ဦးခိုင်သုခမှ ပြောကြားခဲ့သည်။

အပစ်အခတ် ယာယီရပ်ဆိုင်းထားကြသော်လည်း နှစ်ဖက်တပ်များမှာ တပ်နေရာချထားခြင်းများကို ပြန်လည်ရုပ်သိမ်းရေးစသည်တို့ မပါဝင်သလို မည်သည့်အချိန်အထိ အပစ်အခတ်ရပ်မည်ဟူသည့် သဘောတူညီချက်များမပါဝင်ကြောင်း ဦးခိုင်သုခမှပြောကြားထားသည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရေရှည်တည်တံ့ရေးမှာ နှစ်ဖက်တပ်များ၏ ကတိကဝတ်တည်မှုအပေါ်တွင်သာမူတည်ကြောင်းလည်း ဦးခိုင်သုခက ပြောခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ