Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီနေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပေါက်တောမြို့နယ်မှ နေအိမ် ၂ လုံး ပျက်စီး

AB News – ဒီဇင်ဘာ ၁၃၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်တွင် စစ်ကောင်စီ ရေတပ် နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး လူနေအိမ် ၂ လုံး ပျက်စီးသွားကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ည​ ၅နာရီအချိန်တွင် စစ်ကောင်စီနေဗီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေါက်တောမြို့နယ်၊ တောင်းဖူးကျေးရွာမှ ဦးအောင်သန်းရွှေ၏ နေအိမ်နှင့် ဦးကိုကိုစိုး၏ နေအိမ်တို့မှာ ပျက်စီးခဲ့သည်ဟု ကျေးရွာသား ၁ဦးက ပြောသည်။

“မနေ့ ညနေ ၃နာရီကျော်အချိန်မှာ ပေါက်တောမြို့နယ်၊ ပွဲကြည့်တောင်မြစ်ဝမှာ ကျောက်ချထားတဲ့

စစ်ကောင်စီနေဗီက လက်နက်ကြီးတွေ ပစ်ခတ်တယ်။ လက်နက်ကြီးတွေဟာ တောင်းဖူးရွာနှင့် ပုဇွန်သားဖောက်စခန်းအနီးမှာ ကျရောက်ပေါက်ကွဲတာတွေရှိတယ်။ ရွာထဲမှာတော့ နေအိမ် ၂လုံးပျက်စီးသွားပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီနေဗီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်းဖူးရွာမှ နေအိမ် ၂လုံးအပြင် ပုဇွန်သားပေါက်စခန်းမှ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ပေါက်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး၊ စစ်ကောင်စီဖက်မှ နေဗီမှ လက်နက်ကြီးများဖြင့် လှမ်းပစ်သည့်အတွက် လူနေရွာများတွင် ကျရောက်ပြီး နေအိမ်များနှင့် လူများ ထိခိုက်မှုရှိနေသည်။

ရက္ခိုင်ပြည်တွင် စစ်ကောင်စီအဖွဲ့သည် အရပ်သားပြည်သူများအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးနေသည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်၊ စစ်ရေယာဥ်၊ တိုက်လေယာဥ်များအသုံးပြုကာ အပြစ်မဲ့ပြည်သူများကို လူမဆန်စွာ ဖမ်းဆီးခြင်း၊ သတ်ဖြတ်လြင်းများ ပြုလုပ်လာသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ