Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီနယ်ခြားစောင့် ၃၃၀ ကို မြန်မာသို့ ပို့ဆောင်

AB News – ဖေဖော်ဝါရီလ ၁၅၊ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် စစ်ကောင်စီနယ်ခြားစောင့် ၃၃၀ ကို ယနေ့ ဖေဖော်ဝါရီလ ၁၅ရက်၊ ဘင်္ဂလားဒေ့ရှ်စံတော်ချိန် ၆ နာရီခန့်အချိန်မှ ယခုအချိန်ထိ ဘင်္ဂလားပင်လယ်အော်ရှိ Ukhiya ရေတပ်ဆိပ်ခံတံတားမှ နယ်ခြားစောင့်များကို မြန်မာဘက်မှ သင်္ဘောပေါ်သို့ တင်ဆောင်နေကြောင်း သိရသည်။

သင်္ဘောပေါ်သို့ မတင်ဆောင်မီ ဘင်္ဂလားဒေ့ရှ်ဘက်က စစ်ကောင်စီနယ်ခြားစောင့်တပ်သား ၁ယောက်စီကို ကာကွယ်ပေးထားပြီး ဆေးစစ်ဆေးချက်များကိုပါ ပြုလုပ်ပေးနေကြောင်း ဘင်္ဂလာဒေသခံ တစ်ဥ◌ီးပြောပြချက်အရ သိရှိရသည်။

“မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင် ၃၃၀ကို ပြန်လည်ပို့ဆောင်မည်” ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ရက်နေ့ အစောပိုင်းအချိန်တွင် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Aaduzzaman Khan Kamal က ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သူ ၃၃၀ မှာ စစ်သားများ၊ နယ်ခြားစောင့်များ၊ ရဲတပ်သားများ၊ လဝကဌာနမှ ဝန်ထမ်းများနှင့် အခြားဌာနမှ ဝန်ထမ်းများလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာ ဖေဖော်ဝါရီလ ၄၊ ၅၊ ၆ရက်အတွင်း ရက္ခိုင့်တပ်တော်က ရခိုင်-ဘင်္ဂလာနယ်စပ်မှ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပြိုလက်ယာစခန်းနှင့် တောင်ပြိုလက်ဝဲဗျူဟာကို ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း လက်နက်ချ အညံ့မခံဘဲ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စည်းကျော်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့သူများဖြစ်ကြသည်။

လက်ရှိအချိန်တွင် တောင်ပြိုလက်ယာ/လက်ဝဲဗျူဟာ၊ စခန်းများကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ထားကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ-ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ဖော်ပြထားသည်ကို ကူးယူဖော်ပြသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ